AD
AD
AD
play

 

လီဗာပူးအသင်းဟာ ယမန်နေ့နံနက်က ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ စပါးတပ်မော်စကိုအသင်းကို ၇ ဂိုးပြတ်သွင်းယူပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ အောက်တိုဘာလ ၂၂ ရက်နေ့က တော့တင်ဟမ်ဟော့စပါးအသင်းကို ဝင်ဘလေကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ရှုံးပွဲမရှိသေးဘဲ ပုံစံကောင်းတွေ ရရှိနေတာဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်ဟာ မိမိတို့အသင်းအနေနဲ့ ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

play

 

၁၆ သင်းရှုံးထွက်အဆင့်မှာ လီဗာပူးအသင်းအနေနဲ့ ရီးရဲလ်၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်အသင်းတို့ထဲက တစ်သင်းသင်းနဲ့ ဆုံတွေ့ဖွယ်ရှိနေပြီး ယာဂန်ကလော့ပ်က မိမိတို့အသင်းနဲ့ ရင်ဆိုင်ရမှာကို ဘယ်သူမှ ပျော်ရွှင်နေမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

"မော်စကိုနဲ့ပွဲမှာ ကျွန်တော်တို့အနိုင်ရခဲ့လို့ရှိရင် အုပ်စုပထမနေရာကို ရမယ်ဆိုတာ သိပြီးသားဖြစ်တာကြောင့် မထူးဆန်းပါဘူး။ ဒါပေမယ့် ဒီနှစ် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အသင်းကောင်းတွေ အများကြီး ပါဝင်နေတာတော့ ထူးဆန်းပါတယ်။ ဒီနှစ်ကတော့ အရမ်းကို ထူးခြားတဲ့ နှစ်တစ်နှစ်ပါ။ ၁၆ သင်းရှုံးထွက်အဆင့်မှာ ရီးရဲလ်၊ ဂျူဗင်တပ်၊ ဘိုင်ယန်တို့လို အသင်းကောင်းတွေနဲ့ ဆုံတွေ့ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော်တို့နဲ့ ရင်ဆိုင်ရမယ့်အသင်းအနေနဲ့လည်း ပျော်ရွှင်နေမယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့လည်း ဘယ်လိုအသင်းမျိုးနဲ့တွေ့တွေ့ ပျော်ရွှင်နေမှာမဟုတ်ဘဲ အကောင်းဆုံးပြင်ဆင်ထားပါတယ်"

"ဘယ်လိုအသင်းနဲ့ပဲတွေ့တွေ့ ကိစ္စတော့မရှိပါဘူး။ ကျွန်တော့်အနေနဲ့က ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မကြာခဏတွေ့ဆုံလေ့ရှိပါတယ်။ တွေ့ဆုံချင်တဲ့ ပြိုင်ဘက်ဆိုတာမျိုးတော့ မရှိပါဘူး။ ချန်ပီယံလိဂ်နဲ့ အချိန်အတော်ကြာ ကင်းကွာနေပြီးမှ ခုလို ရှုံးထွက်အဆင့်ကို ကစားရတာ အရမ်းကို ရင်ခုန်ဖို့ ကောင်းမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD