AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ မနက်ဖြန်ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားရတော့မယ့် မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီ စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ နောက်ထပ်စကားစစ်ထိုးမှုတစ်ခု ထပ်မံပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာဒါဘီပွဲစဉ်အတွက် သတင်းစာရှင်းလင်းပွဲမှာ မန်ချက်စတာစီးတီးအသင်းရဲ့ကစားသမားတွေဟာ လေတိုက်ရင်တောင် လဲကျတတ်တဲ့သူတွေလို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

play

 

မော်ရင်ဟိုဟာ မန်ချက်စတာစီးတီးအသင်းရဲ့တောင်ပံကစားသမား စတားလင်းကို အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးက ဒိုင်ဗင်ထိုးကျွမ်းကျင်သူလို့ ပြောကြားခဲ့တဲ့စကားကို သဘောတူကြောင်း ပြသခဲ့တာဖြစ်သလို ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗား ဘန်လေအသင်းနဲ့ပွဲစဉ်မှာ ဂိုးသမား ပုပ်နဲ့ တွေ့ဆုံချိန်မှာ ဟန်ဆောင်လှဲချခဲ့တာကိုလည်း ရည်ညွှန်းလိုတဲ့သဘောနဲ့ ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

"မန်စီးတီးနဲ့ပတ်သက်ပြီး ကျွန်တော်မကြိုက်တဲ့အချက်တစ်ချက်က ဘာလဲလို့ ခင်ဗျားတို့ မေးရင် သူတို့အသင်းရဲ့ကစားပုံက လွယ်လွယ်ကူကူနဲ့ ဟန်ချက်ပျက်သွားတာပါပဲ။ အဲဒါကြောင့်ပဲ ကြည့်ပါလား၊ ကွင်းထဲမှာ လေလေးနည်းနည်း တိုက်လိုက်တာနဲ့ သူတို့အသင်းက ကစားသမားတွေ ခဏခဏ လဲကျနေတာ"

"မန်စီးတီးနဲ့ပွဲစဉ်မှာ ကျွန်တော် ဘယ်လိုကစားကွက်နဲ့ကစားမလဲဆိုတာ လူတိုင်း သိချင်နေကြမှာပါ။ ပရိသတ်တွေအနေနဲ့လည်း ဒီလိုမေးခွန်းမျိုးလေး မေးချင်နေမှာပါ။ ဘယ်သူတွေနဲ့ ပွဲထွက်ကစားမလဲ၊ ဘယ်လိုကစားကွက်ပုံစံမျိုးနဲ့ကစားမလဲ ဆိုတာပေါ့။ ကျွန်တော်ကတော့ မပြောပြနိုင်ဘူး"လို့ ပြောကြားခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်ကို တာဝန်ယူကိုင်တွယ်မယ့် ကွင်းလယ်ဒိုင်ကတော့ မိုက်ကယ်အိုလီဗာဖြစ်ပါတယ်။ မိုက်ကယ်အိုလီဗာဟာ နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ မော်ရင်ဟိုရဲ့ပြိုင်ဘက်အသင်းတွေကို ပင်နယ်တီ ၃ ကြိမ်အထိ ကန်သွင်းခွင့်ပေးထားတာကို တွေ့ရပြီး မန်စီးတီးအသင်းရဲ့ကစားသမားတွေ ပင်နယ်တီဧရိယာထဲမှာ လှဲချတတ်တဲ့ ဗျူဟာကို မန်ယူအသင်းရဲ့နောက်ခံကစားသမားတွေ သတိကြီးစွာ ထားဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD