AD
AD
AD
play

 

ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဟက်ဒါစ်ဖီးလ်အသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ ယနေ့ပွဲစဉ်မှာ တိုက်စစ်မှူး မိုရာတာ ဒဏ်ရာကြောင့်မပါဝင်နိုင်တဲ့အတွက် တိုက်စစ်မှာ ဟာဇက်ကို အထောင်ထားပြီး ပက်ဒရို၊ ဝီလီယံတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်ကတည်းက ချယ်ဆီးအသင်းက ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပြီး အချိတ်အဆက်မိမိနဲ့ တိုက်စစ်ဆင်ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။

play

 

၂၃ မိနစ်မှာ ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား ဘာကာရိုကိုက ဝီလီယံရဲ့ပေးပို့မှုကနေတစ်ဆင့် ချယ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။ ဟက်ဒါစ်ဖီးလ်အသင်းဟာ အိမ်ကွင်းပရိသတ်တွေရဲ့ရှေ့မှာ ချယ်ဆီးအသင်းကို တုန့်ပြန်မကစားနိုင်ခဲ့ဘဲ တစ်ခါတစ်ရံမှသာ တန်ပြန်တိုက်စစ်နဲ့ ထိုးဖောက်ဖို့ ကြိုးစားခဲ့ရတာကိုတွေ့ရပါတယ်။

play

 

၄၃ မိနစ်မှာ ဝီလီယံက မားကို့စ်အလွန်ဆိုရဲ့ပေးပို့မှုကနေတစ်ဆင့် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ချယ်ဆီးအသင်းကသာ တစ်ကွင်းလုံးကို လွှမ်းမိုးထားနိုင်ခဲ့ပြီး မိနစ် ၅၀ မှာ ပက်ဒရိုက ချယ်ဆီးအသင်းရဲ့တတိယမြောက်ဦးဆောင်ဂိုးကို ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။

play

 

ဦးဆောင်ဂိုး ၃ ဂိုးအထိ သွင်းယူပြီးတဲ့နောက်မှာတော့ ချယ်ဆီးအသင်းဟာ အဓိကကစားသမားအချို့ကို အနားပေးခဲ့ပြီး ကစားအားကို လျှော့ချခဲ့ပါတယ်။ ဟက်ဒါစ်ဖီးလ်အသင်းဟာ ချေပဂိုးတွေ ပြန်လည်သွင်းယူနိုင်ဖို့ကြိုးစားခဲ့ပေမယ့် ချယ်ဆီးအသင်းရဲ့ဂိုးသမားနဲ့ နောက်တန်းကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

play

 

ပွဲကစားချိန်ပြည့်လို့ အချိန်ပို ၂ မိနစ် ပေးခဲ့ရာ ဟက်ဒါစ်ဖီးလ်အသင်းက နောက်ဆုံးအကြိမ်အဖြစ် တိုက်စစ်ဆင်ရင်း ၉၂ မိနစ်မှာ လောရန့်ဒီပွိုက်ထရီက ဟက်ဒါစ်ဖီးလ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ချယ်ဆီးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD