AD
AD
AD

ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား ၂ ဦးဖြစ်တဲ့ ဟာဇက်နဲ့ ဝီလီယံတို့ဟာ ပွဲအပြီး အင်တာဗျူးမှာ သတင်းထောက်ရဲ့မေးခွန်းကို မှားယွင်းဖြေဆိုမိခဲ့တဲ့ ဝီလီယံရဲ့အမှားကို ဟန်မဆောင်နိုင်ဘဲ နှစ်ယောက်သား ရယ်မောခဲ့ကြပါတယ်။

play

 

ပြီးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြကွန်တီကိုယ်တိုင်က ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့မျှော်လင့်ချက် ဝေးကွာသွားပြီဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

play

 

ဟက်ဒါစ်ဖီးလ်နဲ့ပွဲစဉ်အပြီး BT Sport နဲ့အင်တာဗျူးမှာ သတင်းထောက်က ချယ်ဆီးအနေနဲ့ ဒီနေ့ပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက် ချန်ပီယံလမ်းကြောင်းပေါ် ပြန်လာနိုင်ပြီလို့ ထင်လားလို့ ဝီလီယံကို မေးမြန်းခဲ့တဲ့အချိန်မှာ ဝီလီယံက "အဲဒါကတော့ ခက်ခဲပါတယ်။ ၁၄ မှတ်တောင်ဆိုတော့"လို့ မှားယွင်းဖြေကြားခဲ့ပါတယ်။

play

 

ဒါကြောင့် ဟာဇက်က ကြားဖြတ်ပြီး "အခု ၁၁ မှတ်ပါ။ ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ ကျွန်တော်တို့ ပြန်လာပါပြီ"လို့ ပြောကြားခဲ့ပြီး ဝီလီယံနဲ့ နှစ်ယောက်သား ရယ်မောခဲ့ကြပါတယ်။ ဆက်လက်ပြီး ဟာဇက်ကပဲ "ကျွန်တော်တို့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့က ချယ်ဆီးပါ။ ကျွန်တော်တို့က အသင်းကြီးတစ်သင်းပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD