AD
AD
AD

ချဲလ်ဆီးအသင်းမှာ ဂျာမန်ကလပ် လေဗာကူဆင်အသင်းမှတောင်ပံ ကစားသမား လီယွန်ဘိုင်လီကို ခေါ်ယူနိုင်ရေး ချိတ်ဆက်လျက်ရှိနေတယ်လို့ သိရပါတယ်။

play

 

အသက် ၂၀ အရွယ်သာရှိသေးတဲ့ အဆိုပါ ဂျမေကာ ကစားသမားလေး ဘိုင်လီမှာ ပြီးခဲ့တဲ့ လေဗာကူဆင်နဲ့ စတုဂတ်တို့ကစားခဲ့တဲ့ ပွဲမှာ နှစ်ဂိုးစလုံးကို ဖန်တီးပေးခဲ့နိုင်သူလည်းဖြစ်ပါတယ်။

play

 

လက်ရှိမှာတော့ ချဲလ်ဆီးအသင်းအနေနဲ့ အဆိုပါ ကစားသမားလေးအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၂၂ သန်း နဲ့ ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။

အဓိက အနေနဲ့ ဘိုင်လီကို ခေါ်ယူရခြင်းမှာ တစ်ချိန်မှာအသင်းက ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ တောင်ပံ ကစားသမား အီဒင်ဟာ ဇက်နေရာမှာ အစားထိုးနိုင်ဖို့အတွက် ရည်ရွယ်ခေါ်ယူမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါပေမယ့်လည်း လေဗာကူဆင်အသင်းကတော့ ဘိုင်လီကို လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ လက်လွှတ်ဖွယ် ရှိမနေသေးပါဘူး။

အခြားသောအသင်းများဖြစ်တဲ့ မန်ယူ၊လီဗာပူးနဲ့ ဘာစီလိုနာအသင်းတို့ကလည်း ဘိုင်လီကိုခေါ်ယူဖို့ ချဲလ်ဆီးနဲ့အပြိုင်စောင့်ကြည့်နေကြတယ်လို့ သိထားရပါတယ်။

ဒါ့အပြင် ချဲလ်ဆီးအနေနဲ့ကလည်း ဘိုင်လီအပြင် နောက်ထပ် ကစားသမားတစ်ယောက်ဖြစ်တဲ့ မိုနာကိုအသင်းမှ အာဆင်နယ်နဲ့ လီဗာပူးတို့ အပြိုင်စိတ်ဝင်စားနေတဲ့ လီမာကိုလည်း ခေါ်ယူနိုင်ရေး ပစ်မှတ်ထားလျက်ရှိနေပြန်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD