AD
AD
AD

အာဆင်နယ်အသင်းက ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ မိုနာကို ကစားသမား လီမာကို ချဲလ်ဆီးကလည်း ခေါ်ယူနိုင်ရေး ကြိုးပမ်းလာပါတယ်။

play

 

ချဲလ်ဆီးအနေနဲ့ လီမာကို ခေါ်ယူနိုင်ရေးအတွက် အသင်း မှ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဘတ်ရှုဝါရီကို အလိုက်ပေးဖို့အထိ ပြင်ဆင်ထားတယ်လို့ လည်းသိရပါတယ်။

play

 

ကွန်တီအနေနဲ့ အဓိက လိုအပ်နေတဲ့ ကစားသမားမှာ ပုံမှန်ပွဲထွက်ကစားနိုင်တဲ့ ကစားသမားမျိုးဖြစ်တာကြောင့် အခုလို လီမာကို ခေါ်ယူနိုင်ရေး ကြိုးပမ်းနေတာ ဖြစ်တယ်လို့လည်းသိရပါတယ်။

ဘတ်ရှုဝါရီအနေနဲ့လည်း ကွန်တီလက်ထက်မှာ အရံခုံမှာသာ အချိန်ကုန်နေရတာဖြစ်ပြီး ချဲလ်ဆီးအနေနဲ့ ၎င်းကို မိုနာကိုအသင်းထံ အငှားနဲ့ ပေးသွားမှာ ဖြစ်တယိလို့လည်း သိရပါတယ်။

လီမာကို အာဆင်နယ်အပြင် လီဗာပူးအသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပေမယ့်လည်း ချဲလ်ဆီးကတော့ ပေါင် သန်း ၈၀ အပြင် ဘတ်ဂရှုဝါရီကို အလိုက်ပေးတဲ့ ပုံစံမျိုးနဲ့ ခေါ်ယူနိုင်မယ်လို့ နည်းပြကွန်တီက ယုံကြည်နေပါတယ်။

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD