AD
AD
AD

မားကို့စ်အလွန်ဆိုရဲ့ တိုက်ရိုက်ကန်သွင်းရယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဆောက်သမ်တန်အသင်းကို အနိုင်ရခဲ့တဲ့ ချဲလ်ဆီးအသင်းအနေ နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း (၅)ပွဲဆက်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

ချဲလ်ဆီးအသင်းအနေနဲ့ ယခုပွဲအနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်ထားနိုင်ခဲ့ကာ ဒုတိယနေရာမှ မန်ယူအသင်းနဲ့ အမှတ်တူ တစ်ပွဲပို ကစားထားတာလည်းဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း ချဲလ်ဆီးအနေနဲ့ ဂိုးကွာခြားချက်မှာ မန်ယူအသင်းထက် များစွာ နည်းနေပြီး မန်ယူအသင်းက ၂၆ ဂိုးအထိ ရှိနေပြီး ချဲလ်ဆီးအ သင်းက ၁၈ ဂိုးသာ ထွက်ပေါ်နေတာကြောင့်လည်း အခုလို အဆင့် ၃ မှာသာ ရပ်တည်နေရခြင်း ဖြစ်ပါတယ်။

ထိပ်ဆုံးမှ မန်စီးတီးအသင်းနဲ့တော့ ရမှတ် ၁၁ မှတ်အထိ ကွာဟနေဆဲပင်ဖြစ်ပါတယ်။

လာမယ့် ကြားရက်မှာတော့ ချဲလ်ဆီးအသင်းအနေနဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့  ရင်ဆိုင်ဖို့ရှိပါ တယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD