AD
AD
AD
play

 

အဲဗာတန်အသင်းရဲ့ဝါရင့်တိုက်စစ်မှူးဝိန်းရူနီဟာ အာဆင်နယ်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ အိုဇေးလ်နဲ့ ဆန်းချက်ဇ်တို့ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အမြန်ဆုံးရောင်းချဖို့ နည်းပြ အာစင်ဝင်းဂါးကို အကြံပြုခဲ့ပါတယ်။

play

အိုဇေးလ်နဲ့ဆန်းချက်ဇ်တို့ဟာ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေသူတွေဖြစ်ပြီး အသင်းနဲ့ဆက်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒမရှိဘဲ ငြင်းဆိုထားတဲ့ကစားသမားတွေ ဖြစ်ပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်း ဒါမှမဟုတ် အသင်းဟောင်း ရီးရဲမက်ဒရစ်အသင်းကို ပြန်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်သလို ဆန်းချက်ဇ်ကလည်း မန်ချက်စတာစီးတီးအသင်း ဒါမှမဟုတ် ပီအက်စ်ဂျီအသင်းကို သွားရောက်ဖို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

play

 

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဝိန်းရူနီက အိုဇေးလ်နဲ့ဆန်းချက်ဇ်တို့ရဲ့ စိတ်ခံစားမှုနဲ့ ဖြစ်ချင်နေတဲ့ဆန္ဒတွေကို မေးခွန်းထုတ်ခဲ့ပါတယ်။

"သူတို့နှစ်ယောက်စလုံးက ပြီးခဲ့တဲ့နွေရာသီမှာ အသင်းနဲ့ စာချုပ် မချုပ်ဆိုခဲ့ပါဘူး။ အဲဒါက ဘာသဘောလဲဆိုတာ ခင်ဗျားကို အားလုံးပြောပြလိုက်ပြီးပြီလို့ ထင်တာပဲ"

"အဲဒီအတိုင်းဆိုရင် သူတို့ကလာမယ့်ရာသီမှာ အာဆင်နယ်အသင်းနဲ့ ဆက်ရှိနေမှာမဟုတ်ဘူးဆိုတဲ့သဘောပဲ"

"ဒါကြောင့် အာဆင်နယ်အသင်းကို ရနိုင်သမျှ ပိုက်ဆံယူသင့်တယ်လို့ ထင်တယ်။ ပြီးတော့ တခြားနေရာမှာ ကစားသမားတွေ ထပ်ပြီး လိုက်ရှာပေါ့။ သူတို့က ထိပ်တန်းကစားသမားတွေဖြစ်တာကြောင့် အသင်းအနေနဲ့ လက်လွှတ်လိုက်ဖို့ အရမ်းခက်ခဲမှာပါ။ ဒါပေယ့် ခက်ခဲတဲ့အချိန်ကို ရောက်နေပြီလေ။ ဒါက အာဆင်နယ်အသင်းအတွက် နောက်ဆုံးမိနစ်ပါပဲ။ တကယ်လို့ ခင်ဗျားသာ အသင်းမှာရှိနေချင်ပြီး ယုံကြည်မှုပေးရလောက်တဲ့ ကစားသမားမျိုးကိုပဲ လိုချင်တယ်ဆိုရင်ပေါ့"

"သူတို့်အနေနဲ့ အာဆင်နယ်အသင်းမှာ ရာသီကုန်အထိ ရှိမနေခဲ့ဘူးဆိုရင် မေးခွန်းထုတ်စရာတော့ နည်းနည်းရှိလာပါပြီ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD