AD
AD
AD
play

 

ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီဟာ ပရီးမီးယားလိဂ်မှာ ချယ်ဆီးအသင်းရုန်းကန်နေရချိန်မှာ အီတလီကို ပြန်သွားချင်တဲ့ဆန္ဒရှိနေပြီး အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို ငြင်းပယ်ခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ ဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးအသင်းနဲ့ ၁၄ မှတ်အကွာမှာ ရပ်တည်နေပြီး ယခုရာသီမှာ အကောင်းဆုံးပုံစံ မပြသနိုင်ခဲ့ပါဘူး။ ၂၀၁၉ ခုနှစ် နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့ ကွန်တီဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေဆိုဖို့တော့ ငြင်းဆန်ခဲ့ပါတယ်။

"အသင်းနဲ့ နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းကျန်ပါသေးတယ်။ အဲဒီအချိန်ထိ ကျွန်တော့်ရဲ့အာရုံစူးစိုက်မှုတွေကို အသင်းအတွက်ပဲ ထားသွားမှာပါ"

"အရာအားလုံးကို ချယ်ဆီးအသင်းအတွက်၊ ကစားသမားတွေအတွက်၊ ကစားသမားတွေ တိုးတက်လာဖို့အတွက်နဲ့ အသင်းကို တိုးတက်လာဖို့အတွက် အာရုံစိုက်သွားမှာပါ"

"အသင်းကို တိုးတက်လာအောင် ကြိုးစားဖို့တစ်ခုပဲရှိပါတယ်။ ကျွန်တော် လုပ်နိုင်ခဲ့တယ်ဆိုတာ မြင်ရဖို့အတွက်ပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီမှာ ထိပ်သီးအသင်း ၅ သင်းကို အမှတ်ဖြတ်ထားပြီး ချန်ပီယံဆုအတွက် သေချာသလောက်ရှိနေတာဖြစ်ပါတယ်။ ကွန်တီက လာမယ့်နှစ်မှာ ချန်ပီယံဆုဟာ ချယ်ဆီးအသင်းအတွက် ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

"ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းက အကောင်းဆုံးပါ။ မန်ယူ၊ စပါးနဲ့ အာဆင်နယ်တို့ကတော့ ကျွန်တော်တို့အသင်းနဲ့ အတူတူလောက်ပါပဲ။ အဲဒါတောင် ကျွန်တော်တို့အသင်းက ချန်ပီယံဖြစ်ခဲ့ပါတယ်"

"အခု ကျွန်တော်တို့အားလုံး အရမ်းကို ကြိုးစားနေပါတယ်။ အရမ်းကို ကြိုးကြိုးစားစားနဲ့ ကစားနေပါတယ်။ အဲဒါကို နားလည်ဖို့ အရေးကြီးပါတယ်"

"ပြီးခဲ့တဲ့ရာသီက ထူးခြားဆန်းကြယ်မှုတွေ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ချယ်ဆီးအသင်းက ပရီးမီးယားလိဂ်ဇယားမှာ အဆင့် ၁၀ နေရာအထိ ရောက်ခဲ့ဖူးတာ မမေ့ပါနဲ့။ ပြီးတော့ ဒီနှစ် အပြောင်းအရွှေ့ဈေးကွက်မှာလည်း ဘာမှ အထင်ကြီးလောက်စရာမလုပ်နိုင်ခဲ့တာလည်း သတိရသေးရင်ပေါ့"

"ကျွန်တော်တို့က အသင်းရဲ့ပျမ်းမျှအသက်အရွယ်ကို ပြင်ဆင်ဖို့ ကြိုးစားနေတာပါ။ အခုရာသီမှာ အသင်းရဲ့အသက်အရွယ်က ပြီးခဲ့တဲ့ရာသီကထက် ပိုငယ်သွားပြီလို့ ထင်ပါတယ်။ ချယ်ဆီးလိုအသင်းမျိုးအတွက် ဒီလိုလုပ်ဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်။ ခင်ဗျားအနေနဲ့ အနာဂတ်မှာ ဖွဲ့စည်းပုံအသစ်နဲ့ ယုံကြည်မှုရှိရှိ ရင်ဆိုင်နိုင်ဖို့အတွက် ဒီလိုလုပ်ရမှာပဲ"

"ကျွန်တော် ထပ်ပြောမယ်။ ပြီးခဲ့တဲ့ရာသီကလို အရမ်းကောင်းမွန်တဲ့ရာသီအပြီးမှာ အကြောင်းအမျိုးမျိုးကြောင့် ကစားသမားအများစုကို အပြောင်းအလဲလုပ်ခဲ့တယ်။ လူငယ်ကစားသမားတွေနဲ့ အလုပ်လုပ်ဖို့အတွက် အခုလိုမျိုး အနေအထားကို ဖန်တီးခဲ့တာပဲ"

"ကျွန်တော်တို့ ထူးခြားဆန်းကြယ်တဲ့အလုပ်တွေကို လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်"လို့ ပြောကြားသွားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD