AD
AD
AD
play

 

မန်ချက်စတာစီးတီးအသင်းဟာ ခရစ်စမတ်ပွဲတော်ကာလမှာ နှစ်စဉ်ပြုလုပ်နေကျအစီအစဉ်အတိုင်း တော်ဝင်မန်ချက်စတာကလေးဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကလေးငယ်တွေဆီ အလည်အပတ် သွားရောက်ပြီး အားပေးနှစ်သိမ့်ခဲ့ကြပါတယ်။

play

 

မန်စီးတီးအသင်းရဲ့အသင်းခေါင်းဆောင် ကွန်ပနီက ဦးဆောင်ပြီး ဆေးရုံမှာရှိတဲ့ ကလေးငယ်တွေအားလုံးအတွက် ခရစ်စမတ်လက်ဆောင်ပစ္စည်းတွေကို ဝေငှပေးခဲ့ပါတယ်။ ယင်းအပြင် တော်ဝင်မန်ချက်စတာကလေးဆေးရုံရန်ပုံငွေအဖွဲ့က ရွေးချယ်ပေးထားတဲ့ ဘောလုံးအားကစားကို ရူးသွပ်တဲ့ကလေးငယ် ၅ ဦးကို အထူးလက်ဆောင်အနေနဲ့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၊ အသင်းခေါင်းဆောင်ကွန်ပနီတို့က လက်လှည့်ဘောလုံးကစားနည်းကို ကစားပေးခဲ့ကြပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ ဆေးရုံမှာ ကုသမှုခံယူနေတဲ့ လူနာကလေးငယ်တွေဆီကို အပျော်တွေ ယူဆောင်ပေးခဲ့တဲ့အပြင် ဆေးရုံရဲ့ ကြီးမားတဲ့ ခရစ်စမတ်ဆုတောင်းတစ်ခုဖြစ်တဲ့ အထူးကုကိရိယာ ၂ ခုကိုလည်း ထောက်ပံ့ပေးဖို့ ကတိပြုခဲ့ကြပါတယ်။

play

 

"ဒီတစ်ကြိမ်နဲ့ဆို ကျွန်တော့်အတွက် တော်ဝင်မန်ချက်စတာကလေးဆေးရုံကို လည်ပတ်တာ ၉ ကြိမ်မြောက်ပါ။ နှစ်တိုင်း ဒီလိုအချိန်မှာ ဒီဆေးရုံကို ရောက်လာပြီဆိုတာနဲ့ လူငယ်တွေရဲ့ လွင့်မျောနေတဲ့ စိတ်ဝိဥာဉ်နဲ့ ရဲရင့်မှုတွေကို ခံစားရပါတယ်"

"ဒီလိုအချိန်မျိုးက တစ်နှစ်လုံးမှာ အလည်အပတ်ထွက်ဖို့အတွက် အခက်ခဲဆုံးအချိန်ဖြစ်ပေမယ့် အသင်းရဲ့ဝန်ထမ်းတွေနဲ့ လုပ်အားပေးတွေက အံ့အားသင့်စရာအလုပ်တွေကို လုပ်နိုင်ခဲ့ပြီး ကလေးတွေလည်း ဒီနေ့တစ်နေ့လုံး ပျော်ရွှင်နေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD