AD
AD
AD

ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ စပါးအသင်းရဲ့ နောက်ခံလူ ၀ါယာမာအနေနဲ့ မကြာမီ ပြန်လည်သက်သာလာကာ အသင်းကြီးနဲ့ အတူ ထရိန်နင်ဆင်းနိုင်တာ့မယ်လို့ သိရပါတယ်။

play

 

ဝါယာမာရဲ့ ကြံ့ခိုင်မှုနဲ့ ပက်သက်ပြီး -"မကြာမီအသင်းနဲ့ ပြန်ပူးပေါင်းနိုင်တော့မှာပါ။မနှစ်ကတစ်ရာသီလုံးအသင်းက အသင်းအတွက် အရေးကြီး တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။

play

 

ဝါယာမာအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လက ချဲလ်ဆီးအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးကတည်းက ဒူးဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲ ချော်ထားခဲ့ရသူလည်း ဖြစ်ပါတယ်။

မကြာသေးမီကလည်း ၀ါယာမာ အမြန်ဆုံး ပြန်လည်သက်သာလာဖို့အတွက် ၎င်းရဲ့ တိုင်းပြည်မှာ ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း မနက်ဖြန်မှာ ကစားမယ့် ဘန်လေအသင်းနဲ့ ပွဲစဉ်ကိုတော့ အဆိုပါ ကင်ညာနိုင်ငံသားအနေနဲ့ လွဲချော်အုံးမှာ ဖြစ်ပြီး ဒီဇင်ဘာ ပွဲ ကြပ်ကာလအတွင်း အမြန်ဆုံး ပြန်ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD