AD
AD
AD
play

 

လီဗာပူးအသင်းရဲ့နည်းပြ ယာဂန်ကလော့ပ်ဟာ အာဆင်နယ်အသင်းဘက်ကို ဒုတိယမြောက်ချေပဂိုးကို ခွင့်ပြုခဲ့ရတဲ့ မစ်ဂနိုလတ်ရဲ့အမှားနဲ့ပတ်သက်ပြီး အပြစ်တင်ဖို့ ငြင်းဆန်လိုက်ပါတယ်။

play

 

လီဗာပူးအသင်းဟာ အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ကစားနေရာကနေ ၅ မိနစ်အတွင်း အာဆင်နယ်အသင်းကို ၃ ဂိုးဆက်တိုက် ပြန်လည်ပေးခဲ့ရပြီး ဇာခါကန်သွင်းလိုက်တဲ့ဘောလုံးကို လီဗာပူးဂိုးသမား မစ်ဂနိုလတ်ပုတ်ထုတ်ရာမှာ မသေသပ်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

play

 

Sky Sports ရုပ်သံအစီအစဉ်မှာ ဘောလုံးကျွမ်းကျင်သူအဖြစ် တင်ဆက်နေတဲ့ လီဗာပူးအသင်းရဲ့ကစားသမားဟောင်း ကာရေဂါက လီဗာပူးအသင်းအနေနဲ့ ဂိုးသမားနေရာမှာ မစ်ဂနိုလတ်ကို ထားထားသရွေ့ ပရီးမီးယားလိဂ်ဖလားကို ဘယ်တော့မှ ရမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

play

 

ဒါပေမယ့် နည်းပြ ယာဂန်ကလော့ပ်ကတော့ မစ်ဂနိုလတ်ကို အပြစ်မတင်ဘဲ မတော်တဆ ဂိုးပေးခဲ့ရတာလို့ ပြောကြားခဲ့ပါတယ်။

"သူ နည်းနည်း လွဲသွားတယ်။ သူ့ရဲ့နောက်လက်တစ်ဖက်က အကူအညီဖြစ်နိုင်မှာပါ။ ဒါပေမယ့် အဲဒါကတော့ ဒီလိုပါပဲ"

"ခင်ဗျားအနေနဲ့ ဒီကိစ္စကို ပိုကြီးသွားအောင် မလုပ်သင့်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဂိုးမပေးသင့်ဘူးလို့ ခံစားရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပေးခဲ့ရတယ်"လို့ ပြောကြားခဲ့ပြီး ၅ မိနစ်အတွင်းမှာ မိမိအသင်းသားတွေဘာဖြစ်သွားခဲ့တယ်ဆိုတာ မသိဘူးလို့ ပြောကြားခဲ့ပါတယ်။

"အဲဒါ ရှင်းပြဖို့ တော်တော်ခက်ခဲတယ်။ ဖြတ်တင်ဘောတွေကို မကာကွယ်နိုင်ခဲ့တဲ့အချိန်မတိုင်မီမှာ ကျွန်တော်တို့အသင်းအနေနဲ့ ၃ ဂိုး ဂိုးမရှိ၊ ၄ ဂိုး ဂိုးမရှိ၊ ၅ ဂိုး ဂိုးမရှိတောင် ဖြစ်ခဲ့သင့်တယ်။ အဲဒါတော်တော်ထူးဆန်းပါတယ်"

"ခံစစ်ဆိုတာ အသင်းအတွက် အရေးပါတဲ့အရာတစ်ခုပါ။ ဒီနေ့ တစ်ဦးချင်းအမှားတွေ အများကြီးလုပ်ခဲ့ကြတယ်။ ကျွန်တော့်ရဲ့အလုပ်က အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စဉ်းစားဖို့ပါ။ ဒီနေ့ပွဲမှာ အနိုင်ရသင့်တဲ့ စွမ်းဆောင်ရည်ရှိခဲ့ပါတယ်။ ခင်ဗျားလိုချင်ရင်တော့ သရေကျတယ်ဆိုတာက အနိုင်ရဲ့တစ်ဝက်ပဲ"

"ကျွန်တော်တို့အသင်းက အမြဲတမ်းပြိုင်ဘက်ကောင်းတွေနဲ့တွေ့ရင် သရေကျတတ်ပါတယ်။ ကျွန်တော်တို့်အနေနဲ့ ကောင်းတဲ့အရာတွေကိုတော့ ယူတယ်။ ပြီးတော့ တကယ်လုပ်တဲ့အခါကျတော့ ကောင်းတဲ့အရာက နည်းနည်းပဲဖြစ်နေတယ်"

"အာဆင်နယ်အသင်းဆီကနေ တစ်မှတ်ရတယ်ဆိုတာက အသင်းအများစုအတွက် ကမ္ဘာပေါ်မှာအကောင်းဆုံး ရလဒ်တစ်ခုပါပဲ။ ဒါပေမယ့် ကောင်းတယ်လို့တော့ မခံစားရပါဘူး"လို့ပြောကြားခဲ့ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD