AD
AD
AD

ဆောက်သမ်တန်အသင်း ဗဟိုနောက်ခံကစားသမား ဗန်ဒိုက်ကို လီဗာပူးအသင်းက စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။

play


လီဗာပူးအသင်းနည်းပြ ဂျာဂန်ကလော့ဟာ ဗဟိုနောက်ခံကစားသမားဗန်ဒိုက်ကို ပြီးခဲ့တဲ့ နွေရာသီကတည်းက ခေါ်ယူဖို့ မျက်စိကျနေခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းက ဗန်ဒိုက်ကို စတာလင်ပေါင် ၇၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းကပဲ ဗန်ဒိုက်က လီဗာပူးအသင်းဂျာစီကိုင်ထားတဲ့ ဓာတ်ပုံကို အသင်းက တွစ်တာမှာတင်ပြီး ကြေညာခဲ့တာဖြစ်ပါတယ်။

play


ဗန်ဒိုက်ကိုခေါ်ယူချင်နေတဲ့ ထိပ်သီးကလပ်တွေထဲမှာ ချယ်လ်ဆီးနဲ့ မန်စီးတီးတို့လို အသင်းတွေ ပါဝင်နေခဲ့ပြီး လီဗာပူးအသင်းအနေနဲ့ ဒီအသင်းတွေကို ကျော်ဖြတ်ကာခေါ်ယူနိုင်ခဲ့တာပါ။

လာမယ့် ဇန်နဝါရီတစ်ရက်နေ့ကစပြီး ဗန်ဒိုက်က လီဗာပူးအသင်းနဲ့ ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။ ပေါင် ၇၅ သန်းဆိုတဲ့ ပမာဏဟာ နောက်ခံကစားသမားတစ်ဦးအတွက် ဘောလုံးလောကမှာ စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်ပါတယ်။

play


ဗန်ဒိုက်က လီဗာပူးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရဖို့ အခွင့်အလမ်းများတဲ့ ကစားသမားဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင်နှစ်သိန်းအထိ ရရှိနိုင်တယ်လို့ ဗြိတိန်သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းက မိုနာကို နောက်ခံကစားသမား မန်ဒီအတွက် မန်စီးတီးက ပေါင် ၅၂ သန်းပေးခဲ့ရပြီး ဒီစံချိန်ကို ဗန်ဒိုက်က ချိုးဖျက်လိုက်တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD