AD
AD
AD

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၁)မှာတော့ မန်စီးတီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို သရေသာကစားနိုင်ခဲ့ပြီး ၎င်း တို့ရဲ့ ၁၉ ပွဲဆက်အနိုင်ရမယ့် စံချိန် ရပ်တန့်ခဲ့ရပါတယ်။

play

 

ဒါ့အပြင် လက်ရှိအချိန်ထိ နိုင်ပွဲဆက် စံချိန်တွေမှာ အကောင်းဆုံး ပေးဆပ်ကစားထားခဲ့ကြတဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်နဲ့ ကွင်းလယ်က စားသမား ဒီဘရိုင်းတို့မှာလည်း တစ်ပြိုင်တည်း ဒဏ်ရာတွေ အသီးသီးရရှိခဲ့ကြပါတယ်။

play

 

ဒီဖြစ်ရပ်ဟာ မန်စီးတီးနဲ့ နည်းပြ ဂွါဒီယိုလာအတွက်တော့ မယုံနိုင်စရာ အခြေအနေတစ်ရပ်ဖြစ်ခဲ့ပြီး ချန်ပီယံပြေးလမ်းကို အဟန့်အတားဖြစ်စေ လာနိုင်မယ့် အနေအထားနဲ့ရင်ဆိုင်နေခဲ့ရပြီ ဖြစ်ပါတယ်။

"တစ်ဖက်အသင်းရဲ့ ကစားပုံကြောင့် ကျွန်တော် ကွင်းလယ်ဒိုင်ကို အော်ပြောနေခဲ့ပါတယ်။ကစားသမားတွေကို ကာကွယ်ပေးဖို့ လိုနေပြီဆိုတာ။ဒီနေ့ကတော့ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။ပြီးခဲ့တဲ့ စပါးနဲ့ နယူးကာဆယ်နဲ့ ပွဲတွေတုန်းကတော့ ကံကောင်းခဲ့ပါတယ်။ကျွန် တော်သိပါတယ်။အင်္ဂလန်မှာ ကြံ့ခိုင်မှု အသားပေးကစားနိုင်ဖို့ လိုအပ်တယ်ဆိုတာ၊ဒါပေမယ့် အသင်းတွေဟာ သူတို့ရဲ့ အဓိက ကစားသမား တွေကို မကြာခဏဆိုသလို ဆုံးရှုံးနေရပါတယ်။ဒါပေမယ့် မန်စီးတီးအတွက်တော့ အရေးမကြီးပါဘူး။" လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရရှိသွားခဲ့ကြတဲ့ ဂါဘရီရယ်ဂျီးဆပ်နဲ့ ဒီဘရိုင်းတို့ရဲ့ အခြေအနေနဲ့ ပက်သက်ပြီးတော့လည်း -"ဂျီးဆပ်ကတော့ ကျွန်တော်ထင်ပါတယ်။အ နည်းဆုံးတော့ တစ်လလောက်အနားယူရဖို့ လိုပါမယ်။ဒူးဒဏ်ရာဖြစ်တာကြောင့် အချိန်အနည်းငယ်ယူရပါမယ်။ဘရိုင်းကတော့ အမြန်ဆုံး ပြန် ကောင်းလာဖို့ မျှော်လင့်ပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ယခုနှစ် ဇန်န၀ါရီ ဈေးကွက်မှာ အာဆင်နယ်အသင်းမှ အလက်ဆစ် ဆန်းချက်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပေမယ့် လည်း အကောင်အထည်မဖော်နိုင်သေးပဲ ရှိနေပြီး ယခုလို အဓိက ကစားသမား နှစ်ယောက် ဒဏ်ရာရရှိသွားခြင်းကြောင့် ရှေ့ဆက်ကစားရမယ့် ပွဲစဉ်တွေအတွက် အနည်းငယ် အင်အားလျော့နည်းသွားခဲ့ရပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အမှတ်ပေးဇယားကို ရမှတ် ၅၉ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာမှာ ချဲလ်ဆီးအသင်းကို ၁၄ မှတ်အထိ အမှတ်ဖြတ် ဦးဆောင်နေပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD