AD
AD
AD

တိုက်စစ်မှူး မိုရာတာဟာ ဒဏ်ရာကြောင့် ရာသီကုန်အထိ နားချင်နားရနိုင်တယ်လို့ နည်းပြကွန်တီ ပြောပြီး မကြာခင်မှာပဲ မိုရာတာနဲ့ သူ့ရဲ့ဇနီးသည်တို့စုံတွဲ ကခုန်နေတဲ့ ဗီဒီယိုဖိုင်ဟာ အင်စတာဂရမ်မှာ တက်လာခဲ့ပါတယ်။

play

 

မိုရာတာဟာ နောက်ကျောဒဏ်ရာကြောင့် ချယ်လ်ဆီးကစားခဲ့တဲ့ နောက်ဆုံးငါးပွဲကို လွဲချော်ထားသူပါ။ ပြီးခဲ့တဲ့ သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ မိုရတာရဲ့ ဒဏ်ရာအကြောင်း သတင်းထောက်တွေက မေးမြန်းရာမှာ နည်းပြကွန်တီက သူလည်းအတိအကျမသိသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “ သူ့ဒဏ်ရာက တစ်ရက်နဲ့သက်သာမလား၊ တစ်ပတ်နဲ့ သက်သာမလား၊ တစ်ရာသီလုံးလား ကျွန်တော်လည်း အတိအကျမသိသေးပါဘူး။ သူပြန်မလာခင် အချိန်မှာ ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” လို့ ကွန်တီက ဖြေကြားခဲ့တာဖြစ်ပါတယ်။

play

 

ဒဏ်ရာရလို့ နားနေရတဲ့ မိုရာတာနဲ့အတူ ကခုန်နေတဲ့ ဗီဒီယိုကို ဇနီးသည် ကမ်ပယ်လိုက အင်စတာဂရမ်ပေါ် လွှင့်တင်ခဲ့တာဖြစ်ပါတယ်။ မိုရာတာရဲ့ ဇနီးသည်ကမ်ပယ်လိုဟာ သူတို့အတွက်ပထမဆုံးရင်သွေးလေးကိုလည်း ကိုယ်ဝန်လွယ်ထားရသူပါ။

 

မိုရာတာ ဒဏ်ရာရနေစဉ်အတွင်း ချယ်လ်ဆီးအသင်းဟာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ သုံးပွဲအထိ ရှုံးနိမ့်ထားပါတယ်။ နည်းပြကွန်တီကိုလည်း ချယ်လ်ဆီးက ထုတ်ပယ်တော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD