AD
AD
AD

အင်္ဂလန်ပရီးမီးယားလိဂ်အနေနဲ့ ယခုနှစ် PFA တစ်နှစ်တာ အကောင်းဆုံးဆုများ ပေးအပ်ရာတွင် အကောင်းဆုံး ဖန်တီးရှင်ဆုကိုလည်း ပထမဆုံး အကြိမ် ထည့်သွင်းပေးအပ်သွားတော့မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

play

 

ယင်းဆုမှာ အသင်းအတွက် ဂိုးဖန်တီးပေးမှု အများဆုံး ကစားသမားကို ရွေးချယ်ပေးအပ်သွားမှာ ဖြစ်ပြီး လက်ရှိမှာတော့ မန်စီးတီးက ကီဗင်ဒီဘ ရိုင်းက စုစုပေါင်း ဂိုးဖန်တီးပေးမှု ၁၅ ကြိမ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေတယ်လို့ သိရပါတယ်။

play

 

၎င်းရဲ့နောက်မှာတော့ အသင်းဖော်များဖြစ်တဲ့ ဆာနေးက ၁၂ ကြိမ် ဒေးဗစ်ဆေးလ်ဗားက ၁၁ ကြိမ်နဲ့ အသီးသီး ရပ်တည်နေကြတာလည်း ဖြစ် ပါတယ်။

ယခု စာရင်းထဲမှာတော့ စပါးအသင်းက အလီက မန်စီးတီး ကစားသမားမဟုတ်တဲ့ အမြင့်ဆုံး ဖန်တီးပေးထားနိုင်တဲ့ အခြား ကစားသမား တစ်ဦး အဖြစ်၁၀ ကြိမ်နဲ့ ပါဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။

အခြားကစားသမားများအဖြစ် ဆာလာ၊အမ်ခီတာယန်း၊ပေါ့ဂ်ဘာ၊နဲ့အဲရစ်ဆင်တို့က ၉ ကြိစ်စီနဲ့ ရပ်တည်နေကြတာလည်း ဖြစ်ပါတယ်။

အချက်အလက်တွေအရ ဒီဘရိုင်းမှာ လက်ရှိတွင် ၁၇၉.၁ မိနစ်တိုင်းမှာ ဂိုးတစ်ကြိမ်ဖန်တီးနိုင်စွမ်းရှိတယ်လို့ သိရှိထားရပြီး တစ်ချိန်က တစ်နှစ် အတွင်း ဂိုးဖန်တီးမှု အကြိမ် ၂၀ နဲ့ အများဆုံး ပြုလုပ်ထားနိုင်တဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီရဲ့ စံချိန်ကို လိုက်မီဖို့လည်း အနည်း ငယ်သာ လိုတော့တာ ဖြစ်ပါတယ်။

ဒါကြောင့် ယခုပေးအပ်မယ့်ဆိုကိုတော့ အွန်နရီ ကိုယ်တိုင်က ကြေညာပေးသွားမယ်လို့လည်း သိရပြီး ၎င်းက -" ဂိုးသွင်းတာဟာ ကစားသမား တစ်ယောက်စီတိုင်းအတွက် ခံစားချက်ကောင်းတွေကို ပေးနိုင်ပါတယ်။ဒါပေမယ့် ဒီလို ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးသူမရှိလို့တော့ မရပါဘူး။ယခုလို ဖန်တီးရှင်ကိုလည်း ဂုဏ်ပြုပေးတဲ့ဆုကို ပေးအပ်ဖို့ ရည်ရွယ်ခဲ့တဲ့ ကဒ်ဘူရီနဲ့ ပရီးမီးယားလိဂ်ကို ကျေးဇူးတင်ပါတယ်။" လို့ အွန်နရီက ထုတ် ဖော်ပြောခဲ့ပါသေးတယ်။

ဒီဘရိုင်းမှာ မနှစ်က ဘောလုံးရာသီက ဂိုဖးန်တီးမှု ၁၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ကာ စပါးမှ အဲရစ်ဆင်က ၁၅ ကြိမ်နဲ့ အာဆင်နယ်မှ အိုလ်ဇေးက ၂၀၁၅-၁၆ ရာသီတုန်းက ၁၉ ကြိမ်အထိ အများဆုံး ပြုလုပ်ထားနိုင်ကြတာလည်း ဖြစ်ပါတယ်။

Source- Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD