AD
AD
AD

မန်ယူအသင်းဟာ အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးကို ပေါင် သန်း ၁၄၀ လို့ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ နွေရာသီမှာ အသင်းကထွက်ခွာခဲ့ပါက မန်ယူအနေနဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ဖော်ပြပါ ဈေးနှုန်းရမှသာ ရောင်းထုတ်သွားမယ်လို့လည်း သိရပါတယ်။

play

 

မော်ရင်ဟိုအနေနဲ့ သူနဲ့ပေါ့ဂ်ဘာကြား ဆက်ဆံရေးအစိုင်အခဲဟာ တော်တော်လေးကြီးထွားလာခဲ့ပြီးနောက် ပြင်သစ်ကွင်းလယ်လူကို ရောင်းချဖို့ ပြင်ဆင်တော့မယ်လို့လည်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ မန်ယူအသင်းကတော့ လွန်ခဲ့တဲ့ (၂)နှစ်က ဂျူဗင်တပ်စ် အသင်းထံမှ ပေါ့ဂ်ဘာကို ၀ယ်ယူခဲ့စဉ် ပေါင် (၈၉)သန်းထိ ပေးချေခဲ့ရတာဖြစ်ပြီးတော့ ကမ္ဘာ့ပြောင်းရွှေ့ကြေး စံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အသင်းတာဝန်ရှိသူတွေအနေနဲ့ မော်ရင်ဟိုနဲ့ပေါ့ဂ်ဘာတို့ကြားက ပြသနာတွေကို ပြေလည်စေဖို့ အလိုရှိခဲ့ပေမယ့် သူတို့နှစ်ဦးဟာ ဒီအပတ်အတွင်းမှာ စကားပြောဆိုဆက်ဆံမှု နည်းပါးလွန်းခဲ့ပြီး မော်ရင်ဟိုအနေနဲ့ ပေါ့ဂ်ဘာရဲ့ အပြုအမူတွေအပေါ်မှာ မကျေမချမ်း ဖြစ်နေတယ်လို့လည်း သိရပါတယ်။

play

 

ပေါ့ဂ်ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာတော့ ဥရောပအင်အားကြီးအသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီ၊ ရီးရဲလ်၊ ဘာစီလိုနာ၊ မန်စီးတီး နဲ့ ချယ်လ်ဆီးတို့လို အသင်းတွေ ပါဝင်နေပါတယ်။ ပေါ့ဂ်ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာကတော့ သူ့ကစားသမားအတွက် သင့်တော်တဲ့ ကလပ်အသင်းကို ရှာဖွေနိုင်မယ်လို့လည်း ယုံကြည်နေကြောင်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။

play

 

ပြီးခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာလည်း ပေါ့ဂ်ဘာဟာ လူစားလှဲလှယ်ခံရပြီးနောက် မော်ရင်ဟိုနဲ့ နှုတ်ဆက်ခဲ့ခြင်းမရှိသလို အရံခုံတန်းမှာ ၀င်ရောက်ထိုင်နေဖို့ ညွှန်ကြားခဲ့မှုကိုလည်း မလိုက်နာခဲ့ပဲ အ၀တ်လဲခန်းအတွင်းကိုပဲ ၀င်ရောက်သွားခဲ့ပါတယ်။ ဒါကြောင့်မို့လို့ မော်ရင်ဟို အနေနဲ့ ပေါ့ဂ်ဘာကို ပြန်လာခဲ့ဖို့အတွက် လိုက်လံခေါ်ယူခိုင်းခဲ့ပြီး ဒီအပေါ်မှာ ပေါ့ဂ်ဘာကိုယ်တိုင်လည်း စိတ်ရှုပ်ထွေးနေခဲ့မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

play

 

သူတို့နှစ်ဦးသားရဲ့ ဆက်ဆံရေးဟာ တစထက်တစ ပိုမိုဆိုးဝါးလာခဲ့သလို မိုက်ကယ်ကာရစ်ကိုယ်တိုင်လည်း ကြားဝင်ပြီး ဖျန်ဖြေမှုတွေ ပြုလုပ်ပေးနေရတယ်လို့လည်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုနောက်ဆုံး ထွက်ပေါ်လာခဲ့တဲ့ သတင်းများအရ မန်ယူအသင်းကတော့ ပေါ့ဂ်ဘာကို ရောင်းချဖို့အတွက် ဈေးနှုန်းကို ပေါင်သန်း (၁၄၀) လို့ သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ပေါ့ဂ်ဘာ အနေနဲ့ နွေရာသီမှာ အသင်းကထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကို အတည်ပြုလိုက်တာလားဆိုတာကတော့ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD