AD
AD
AD

အာဆင်နယ်အသင်းရဲ့ သက်တမ်းရင့် နည်းပြ အာစင်ဝင်းဂါးအနေနဲ့ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးလျှင် အသင်းကနေ ထွက်ခွာဖို့ နှစ်ဦးနှစ် ဖက် သဘောတူညီခဲ့ပြီလို့ အာဆင်နယ်အသင်းက အတည်ပြု ထုတ်ပြန်လိုက်ပါပြီ။

play

 

အသက် ၆၈ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို တာဝန်ယူကိုင်တွယ်လာတာ ၂၂ နှစ်ကြာမြင့်ခဲ့ပြီးနောက် ယခုလို အသင်းကနေ ထွက်ခွာဖို့ ဖြစ်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

play

 

၁၉၉၆ ခုနှစ်မှာ အသင်းကို စတင် တာဝန်ယူခဲ့တဲ့ အာစင်ဝင်းဂါးရဲ့ အာဆင်နယ်အသင်းဟာ ယခုနှစ်မှာတော့ အဆင့် ၆ နေရာမှာသာ ရပ်တည် နေပြီး မနှစ်က ရာသီမှာလည်း ချန်ပီယံလိဂ် ၀င်ခွင့်နဲ့လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဖလားနဲ့ ဝေးကွာနေတဲ့ အာစင်ဝင်းဂါးကို ပရိသတ်တွေကလည်း အကြိမ်ကြိမ် ထွက်ခွာဖို့ တောင်းဆိုနေခဲ့တာကြောင့် ဖိအား တွေ ပိုများလာခဲ့တဲ့ ၀င်းဂါးဟာ ယခုလို ထွက်ခွာဖို့ ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

အာစင်ဝင်းဂါးရဲ့ ထုတ်ဖော်ပြောကြားချက်မှာတော့ -" အသင်းနဲ့ အထူးတလည်ဆွေးနွေးမှုများ အပြီးမှာ ရာသီကုန်ရင် အသင်းက ထွက်ခွာတာာ ဟာ ကျွန်တော့်အတွက် အကောင်းဆုံးလို့ ယူဆခဲ့ပါတယ်။အသင်းနဲ့အတူ ရှိခဲ့တဲ့ အချိန်တွေက တန်ဖိုးဖြတ်လို့မရနိုင်အောင်ရှိခဲ့ပါတယ်။ အသင်း ၀န်ထမ်းတွေ၊ကစားသမားတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ဒါ့အပြင် အသင်းကို အကောင်းဆုံး အားပေးခဲ့ကြတဲ့ အာဆင်နယ်ချစ်ပရိသတ် တွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။" လို့ ဖော်ပြလာခဲ့ပါတယ်။

ဝင်းဂါးဟာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဆုဖလား ၃ကြိမ် အက်ဖ်အေဖလား ၇ ကြိမ် ရရှိခဲ့သူ ဖြစ်ပေမယ့်လည်း နောက်ဆုံး ၁၄ နှစ်မှာတော့ ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်ခြင်းမရှိထားပါဘူး။

၎င်းနေရာမှာ အစားထိုးဖို့အတွက် အာဆင်နယ်အသင်းဟာာ ပြင်သစ်နဲ့ အာဆင်နယ် လက်ရွေးစင်ဟောင်းဗီရဲရာ၊ဒေါ့မွန်နည်းပြဟောင်း တူချဲလ် အပါအ၀င် ဂျူဗင်တပ် နည်းပြ အယ်လီဂရီနီတို့ကို ချိတ်ဆက်နေတယ်လို့လည်းသိရပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD