AD
AD
AD

ယနေ့ ညနေပိုင်းကပဲ ယခုနှစ် ၂၀၁၇-၁၈ ဘောလုံးရာသီအကုန်မှာ အသင်းနဲ့လမ်းခွဲပေးသွားတော့မယ်လို့ သတင်းထုတ်ပြန်လိုက်တဲ့ အာစင် ၀င်းဂါးဟာ အာဆင်နယ်အသင်းနဲ့အတူ ၂၂ နှစ်ကြာ တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

play

 

၎င်း တာဝန်ယူခဲ့ချိန်အတွင်း အာစင်ဝင်းဂါးဟာ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် အက်ဖ်အေဖလား ၇ ကြိမ်တို့နဲ့ အခြားသော ဆုတံဆိပ် များစွာကို ရရှိခဲ့သူ ဖြစ်ပါတယ်။

play

 

သို့သော်လည်း နောက်ဆုံး ၁၄ နှစ်အတွင်း ပရီးမီးယားလိဂ် ဖလားကိုရရှိအောင်မစွမ်းဆောင်နိုင်တော့သလို ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ယခုနှစ် မှာ လက်လွှတ်ထားခဲ့ရမှုတွေကြောင့် ပရိသတ်တွေက ရာသီမစခင်ကတည်းက ထွက်ခွာသွားဖို့ တောင်းဆိုနေခဲ့ကြပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်း ဘုတ်အဖွဲ့ဝင်တွေနဲ့ အာစင်ဝင်းဂါးတို့ အကျေအလည် ဆွေးနွေးမှု အပြီးမှာ ရာသီကုန်တာနဲ့ အာစင်ဝင်းဂါး အာဆင်နယ်မှာ ဆက်ရှိနေမှာ မဟုတ်တော့ဘူးဆိုတဲ့သတင်းကို အာဆင်နယ်အသင်းက ထုတ်ပြန်ပေးလိုက်ပြီလည်း ဖြစ်ပါတယ်။

ဒါကြောင့် အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းမှာ ဒီနှစ်အကုန်ထိပဲ ရှိတော့မှာ ဖြစ်သလို ၎င်း အာဆင်နယ် နည်းပြတစ်လျှောက် ရင်ဆိုင်ခဲ့ရ တဲ့ စုစုပေါင်းဟာလည်း ၁၂၄ သင်းအထိရှိခဲ့ပါတယ်။

အဆိုပါ ၁၂၄ သင်းမှာမှ အာစင်ဝင်းဂါး အနိုင်မယူဖူးတဲ့အသင်းက ၅သင်းသာ ရှိခဲ့ပြီး အဆိုပါ ၅သင်းကိုတော့ ၀င်းဂါးအနေနဲ့ အာဆင်နယ် နည်းပြ အဖြစ် အနိုင်ပြန်ုယူဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီလည်း ဖြစ်ပါတယ်။

အာစင်ဝင်းဂါး အာဆင်နယ် နည်းပြဘ၀နဲ့ တွေ့ဆုံခဲ့ဖူးပြီး အနိုင်မရခဲ့ဖူးတဲ့အသင်းတွေကတော့ ဖီအိုရင်တီးနားနဲ့ နှစ်ကြိမ်တွေ့ဆုံဖူးပြီး တစ်ပွဲသ ရေကျကာ တစ်ပွဲရှုံးထားခဲ့ပါတယ်။PAOK အသင်းနဲ့လည်း နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး တစ်ပွဲသရေကျကာ တစ်ပွဲရှုံးနိမ်ခဲ့ပါတယ်။ပီအက်စ်ဂျီအသင်း နဲ့လည်း နှစ်ကြိမ်တွေ့ဆုံဖူးပြီး နှစ်ကြိမ်စလုံးသရေကျထားခဲ့တာ ဖြစ်ပါတယ်။

အဲ့နောက် Port Vale အသင်းနဲ့ နှစ်ပွဲကစားခဲ့ပြီး နှစ်ပွဲစလုံးသရေကျခဲ့ပြန်ကာ နောက်ဆုံး အာစင်ဝင်းဂါး အနိုင်မရနိုင်တော့မယ့် အသင်းကတော့ ရိုသာဟန်ယူနိုက်တက်အသင်းဖြစ်ပြီး တစ်ကြိမ်တွေ့ဆုံဖူးကာ သရေကျခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အသင်းတွေနဲ့ ယခုနှစ်ရာသီမှာ အာစင်ဝင်းဂါး တွေ့ဆုံဖို့ မရှိတာကြောင့် ရာသီကုန်ရင် အာဆင်နယ် နည်းပြမဟုတ်တော့မယ့် အာစင် ၀င်းဂါးအတွက် အနိုင်ရဖို့ အခွင့်အရေး မရှိတော့တာလည်း ဖြစ်ပါတယ်။

Source- OPTA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD