AD
AD
AD

စပါးအသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မန်ယူနည်းပြ မော်ရင်ဟိုဟာ အသင်းမှ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာကို စိန်ခေါ်စကားတွေ ပြောကြားလိုက်ပါတယ်။ မန်ယူနဲ့ စပါးတို့ရဲ့ ပွဲစဉ်ကိုတော့ ဒီနေ့ည မြန်မာစံတော်ချိန် (၁၀း၄၅) နာရီမှာ ၀င်ဘလေကွင်းမှာ ကစားကြတော့မှာလည်း ဖြစ်ပါတယ်။

play

 

မော်ရင်ဟိုက သူ့အနေနဲ့ ပေါ့ဂ်ဘာရဲ့ ခြေစွမ်းပြမှုကို ပွဲတိုင်းမှာ မျှော်လင့်ထားမှု မရှိဘူးလို့လည်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာ မန်စီးတီးနဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ၀က်ဘရွန်းစ်နဲ့ပွဲစဉ်မှာတော့ စွမ်းဆောင်ရည်ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ ပြန်လည်ခြေစွမ်းပြနိုင်ခဲ့ပြီးတော့ မတည်ငြိမ်တဲ့ စွမ်းဆောင်မှုတွေကို ပြသနေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒီအခြေအပေါ်မှာ မော်ရင်ဟိုက ဝေဖန်သုံးသပ်ခဲ့တာလည်း ဖြစ်ပါတယ်။ " မန်စီးတီးနဲ့ပွဲအပြီးမှာ သူ့ကို ကျွန်တော်ပြောခဲ့ဖူးပါတယ်၊ သူ့ကို ပွဲတိုင်းမှာ အကောင်းဆုံးကစားသမားဆုရဖို့ မမျှော်လင့်ထားဘူးဆိုတာကိုပေါ့" လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ " ပွဲတိုင်းမှာ ပေါ့ဂ်ဘာကို အံ့သြလောက်အောင် ကစားနိုင်ရမယ်လို့ မမျှော်လင့်ပါဘူး၊ ဘာလို့လဲဆိုတော့ ဒီလိုလုပ်နိုင်ဖို့ဆိုတာက ခက်ခဲလွန်းပါတယ်၊ ဒါပေမယ့် သူ့အနေနဲ့ သူ့ရဲ့ ပုံမှန်ခြေစွမ်းကို ထိန်းသိမ်းနိုင်ဖို့တော့ လိုအပ်ပါတယ်၊ ဒါက စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါတယ်" လို့ မော်ရင်ဟိုက ပေါ့ဂ်ဘာကို တောင်းဆိုလိုက်ပါတယ်။

play

 

" လတ်တလောပွဲစဉ်တွေမှာ သူလုပ်ပြနိုင်ခဲ့ပြီးပြီလားဆိုရင်တော့ မန်စီးတီးနဲ့ပွဲမှာ သူ ကောင်းကောင်းကြီး ကစားနိုင်ခဲ့ပေမယ့် ၀က်ဘရွန်းစ်နဲ့ပွဲမှာ ပုံစံကောင်းပျောက်ဆုံးခဲ့ပါတယ်၊ ဒါပေမယ့် ဘုန်းမောက်နဲ့ပွဲမှာတော့ သူ အကောင်းဆုံးခြေစွမ်းကို ပြန်ပြသနိုင်ခဲ့ပါတယ်၊ မန်စီးတီးကို (၂) ဂိုးသွင်းယူအပြီးမှာ အားလုံးက အံ့အားသင့်ခဲ့ကြတာပါ၊ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို ဘုန်းမောက်နဲ့ပွဲမှာ ကစားတာ ပိုကောင်းခဲ့တယ်လို့ ထင်ပါတယ်၊ သူဟာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီးတော့ တကယ်ကို ကောင်းမွန်အောင် ကစားသွားခဲ့တာပါ" လို့လည်း ပေါ့ဂ်ဘာကို မော်ရင်ဟိုက ချီးကျူးခဲ့ပါတယ်။

play

 

ဆက်တိုက်ထွက်ပေါ်နေတဲ့ သတင်းများအရတော့ မော်ရင်ဟိုနဲ့ပေါ့ဂ်ဘာတို့ကြားမှာ အဆင်မပြေမှုတွေ ရှိနေပြီးတော့ ပေါ့ဂ်ဘာဟာ အသင်းကထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ မနေ့က ထွက်ပေါ်ခဲ့တဲ့ သတင်းများအရဆိုရင်လည်း မန်ယူအနေနဲ့ ပေါ့ဂ်ဘာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၁၄၀) အထိ သတ်မှတ်လိုက်တယ်လို့လည်း သိရပါတယ်။

Source : skysports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD