AD
AD
AD

အသင်း ပရိသတ်တွေရဲ့ အကြိမ်ကြိမ်တောင်းဆိုမှုများကြောင့် အာဆင်နယ်အသင်းရဲ့ နည်းပြကြီး အာစင်ဝင်းဂါးဟာ ရာသီအကုန်မှာ အသင်းက နေထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါပြီ။

၎င်းအနေနဲ့ အသင်းဘုတ်အဖွဲ့နဲ့ အကျေအလည် ဆွေးနွေးပြီးတဲ့နောက်မှာတော့ အာဆင်နယ် အသင်းနည်းပြ ရာထူးကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ် ခဲ့တာလို့လည်းသိရပါတယ်။

play

 

ယခုလို အာစင်ဝင်းဂါး ၂၂ နှစ်ကြာ ကိုင်တွယ်နေတဲ့ အသင်းကနေ ထွက်ခွာနိုင်တဲ့ ဖြစ်နိုင်ဖွယ် အကြောင်းရင်းတွေကလည်း ရှိနေပါတယ်။

ဘယ်လိုအကြောင်းရာတွေက အာစင်ဝင်းဂါးကို အာဆင်နယ်အသင်းကို စွန့်ခွာဖို့ ဖြစ်လာနိုင်စေတာလည်း ဆိုတာကတော့ -

play

 

(၅) ပြင်သစ်နည်းပြအဖြစ် ဆောင်ရွက်နိုင်ခြင်း
--------------------------------------------

ပြင်သစ်သားကြီး အာစင်ဝင်းဂါးက တစ်ချိန်တုန်းက အင်္ဂလန်လက်ရွေးစင်အသင်းကို နည်းပြဖို့အထိ သတင်းထွက်ပေါ်ထားဖူးပါတယ်။ထိုစဉ်က အာစင်ဝင်းဂါးက ထုတ်ဖော်ပြောခဲ့ရာမှာတော့ ပြင်သစ်နဲ့ အင်္ဂလန်နဲ့ တွေ့ဆုံတဲ့ပွဲမှာ ဘယ်နိုင်ငံတော်သီချင်းကို သီဆိုရမှာလဲဆိုတဲ့ မေးခွန်း ကြောင့် အင်္ဂလန်နည်းပြ မဖြစ်လာခဲ့တာလို့လည်း ယူဆမိပါတယ်။ တစ်ဖက်မှာလည်း အာစင်ဝင်းဂါးဟာ နိုင်ငံချစ်စိတ်ပြင်းထန်တဲ့သူတစ် ယောက်ဆိုတာ သိလိုက်ရပါတယ်။

လက်ရှိ ပြင်သစ်အသင်းကိုတော့ ဒီဒီယာ ဒက်ချမ့်က ကိုင်တွယ်နေပေမယ့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကတော့ ပိုမို အတွေ့အကြုံ ရင့်ကျက်တဲ့ နည်းပြကောင်းတစ်ဦးကို ရှာဖွေနေတယ်လို့သိရပါတယ်။

ဒါကြောင့် ၀င်းဂါးအနေနဲ့ ဆန္ဒရှိမယ်ဆိုရင် ပြင်သစ်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်လာတာဟာ အံ့အားသင့်စရာတော့ ရှိမယ်မထင်ပါဘူး။ ဒါ ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အာစင်ဝင်းဂါး ပြင်သစ်လက်ရွေးစင် နည်းပြ ဖြစ်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေတာ ဖြစ်ပါ တယ်။

(၄) တရုတ်စူပါလိဂ် ကို သွားမှာလား?
-------------------------------------

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ အာစင်ဝင်းဂါးအတွက် အတွေ့အကြုံတွေနဲ့ ၀င်ငွေတွေရှာဖို့ဆိုရင် ယခုအချိန်ကစပြီး အချိန်အများကြီးတော့ ကျန် တော့တာ မဟုတ်ပါဘူး။

တရုတ်စူပါလိဂ်လိုမျိုးကလည်း ကမ္ဘာ့အဆင့်ရှိတဲ့ နည်းပြနဲ့ ကစားသမားတွေကို ငွေကြေးများစွာအသုံးပြုပြီးခေါ်ယူနေတာဖြစ်ပြီး အာစင်ဝင်းဂါး တရုတ်ကို သွားခဲ့မယ်ဆိုရင်လည်းဒါဟာ ထူးဆန်းမယ့်အရာတော့ ဖြစ်မယ်မထင်ပါဘူး။ဒါ့အပြင် ၀င်းဂါးကို ထောက်ခံမယ့် ပရိသတ်တွေကလည်း တရုတ်မှာ ဒုနဲ့ဒေးရှိနေပါတယ်။ ဒါကြောင့် အာစင်ဝင်းဂါး တရုတ်ကိုရော ရောက်သွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

(၃) အမေရိကန်ကိုပဲ သွားမှာလား?
----------------------------------

ဘောလုံးကို အားပေးလာခဲ့တဲ့ အမေရိကန်ဟာ နောက်ပိုင်းမှာ ဥရောပရဲ့ ၀ါရင့်ကစားသမားတွေ ခိုနားရာ နေရာတစ်ခု အဖြစ် ရှိလာခဲ့ပါတယ်။ အထူးသဖြင့် ဥရောရဲ့ နေထိုင်မှု ပုံစံနဲ့ များစွာ ကွာဟခြင်း မရှိတာကြောင့်လည်း အများစုသော ဘောလုံး ကစားသမားများဟာ အမေရိကန်ကို ရောက်ရှိခဲ့ကြပါတယ်။

နှစ်စဉ် ခြေစမ်းပွဲများလည်း သွားရောက်ကစားပေးလျက်ရှိနေပြီး အာစင်ဝင်းဂါးအလိုရှိခဲ့ဖူးတဲ့ ကစားသမား အီဗရာဟီမိုဗစ်ကလည်း အမေရိကန် မှာ ကစားနေတာကြောင့် ၀င်းဂါးအတွက် စိတ်ကြိုက်ကစားသမားတစ်ဦးကို နည်းပြဖို့အခွင့်အရေးကလည်း လက်တစ်ကမ်းမှာရှိနေတာဖြစ်ပါ တယ်။

(၂) ဂျေလိဂ်ကိုလည်း သွားနိုင်ပါတယ်။
--------------------------------------

ဂျေလိဂ်ကတော့ အာရှမှာ တရုတ်စူပါလိဂ် ငွေကြေးကြောင့်သာ မဟုတ်ရင် အကျောကြားဆုံးလိဂ်တစ်ခုဖြစ်နေမှာပါ။ တစ်ကယ်လည်း ကလပ် အသင်းတွေက အာရှမှာ အောင်မြင်မှုတွေ ရယူထားနိုင်တာလည်း ဖြစ်ပါတယ်။

သူတို့မှာ အဓိက လိုအပ်နေတာက အကြံဥာဏ်ပေးနိုင်တဲ့သူလောက်သာ လိုတော့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အာစင်ဝင်းဂါးအနေနဲ့ ဂျေ လိဂ်နဲ့ အင်မတန် သင့်တော်တဲ့သူတစ်ယောက်အဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။

(၁) ဂျူဗင်တပ်
---------------

အကောင်းမွန်ဆုံးသော အပြောင်းအရွှေ့အဖြစ် ရှိနေပါတယ်။ ဒီရာသီ အာစင်ဝင်းဂါးကို ဂျူဗင်တပ်အပါအ၀င် အခြားသော ကလပ်အသင်းကြီး တွေကပါ အလိုရှိနေတာပါ။

ဝင်းဂါးအနေနဲ့ အာဆင်နယ်က ထွက်ခဲ့မယ်ဆိုရင် ချဲလ်ဆီး၊ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်တို့က နေရာဖယ်ပေးထားမယ်လို့ ယူဆမိပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD