AD
AD
AD

စနေနေ့ညရဲ့ အစောဆုံး ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ၀က်စ်ဘရွန်းအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ တစ်ဖက် ၂ ဂိုးစီနဲ့ သရေပွဲ ဖြစ်ပေါ်ခဲ့ပါတယ်။

play

 

နှစ်သင်းစလုံး အနိုင်ရရှိရေး လူစုံထုတ်လာခဲ့ကြပြီး လီဗာပူးအသင်းက ပွဲအစ ၄ မိနစ်မှာပင် ဦးဆောင်ဂိုးရရှိခဲ့ပြီး တိုက်စစ်မှူး ဒန်နီအင်းဂ်က သွင်းယူခဲ့ပါတယ်။

play

 

ပထမပိုင်းအပြီးမှာတော့ လီဗာပူးအသင်းက ၁-၀ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၇၂ မိနစ်အရောက်မှာတော့ လီဗာပူးအသင်းက ဒု တိယဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး မိုဟာမက်ဆာလာက သွင်းယူခဲ့တာပါ။

ဒီဂိုးကြောင့် ၀က်စ်ဘရွန်းအသင်းဟာ သေချာပေါက် တန်းဆင်းရဖို့ များသွားခဲ့ပြီ ဖြစ်ပေမယ့်လည်း လက်ကျန် ၈ မိနစ်လောက်မှာ အဖိုးတန် ချေပဂိုးတွေကို အံ့အားသင့်ဖွယ် ပြန်လည်သွင်းယူပြနိုင်ခဲ့တာကြောင့်လည်း အဖိုးတန် တစ်မှတ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန်မှာ ကစားမယ့် ဆွမ်ဆီးအသင်းပွဲစဉ်ရဲ့ ရလဒ်ကို စောင့်ကြည့်ရအုံးမှာ ဖြစ်ပြီး ဆွမ်းဆီးအသင်းက မန်စီးတီးအသင်းကို အနိုင်ရခဲ့ပါက ၀က်စ်ဘရွန်းအသင်း တန်းဆင်းရမှာ ဖြစ်ပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ မျှော်လင့်ချက် ငွေ့ငွေ့ ရှိနေအုံးမှာလည်း ဖြစ်ပါတယ်။

ဝက်စ်ဘရွန်းအသင်းအနေနဲ့ ၃၅ ပွဲ ကစားပြီးချိန်မှာ အဆင့် ၂၀ မှာ ရမှတ် ၂၅ မှတ်နဲ့ ရပ်တည်နေရပြီး အဆင့် ၁၇ နေရာက ဆွမ်ဆီးအောက် ၂ ပွဲပိုကစားထားကာ ၈ မှတ်လျော့အနေအထားမှာ ရှိနေတာကြောင့်လည်း အင်မတန်ခက်ခဲနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သင်္ချာနည်းအရ လက်ရှိအချိန်မှာ ၀က်စ်ဘရွန်း တန်းမဆင်းသေးပဲ ဆွမ်ဆီးအသင်းရဲ့ မနက်ဖြန်မှာ ကစားမယ့် ရလဒ်အနေအ ထားက ၀က်စ်ဘရွန်း တန်းဆင်းပြီလား မဆင်းသေးဘူးလား ဆုံးဖြတ်ပေးမှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD