AD
AD
AD

ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ တစ်ဂိုး - ဂိုးမရှိနဲ့ အရေးနိမ့်ပြီးတဲ့နောက် ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့ မန်ယူနည်းပြ မော်ရင်ဟိုဟာ သူ့အနေနဲ့ လူကာကူကို ဘာလို့ အမြဲတမ်း ကစားခွင့်ပေးရသလဲဆိုတဲ့ အပေါ်မှာ ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။ မန်ယူအသင်းကတော့ ဘရိုက်တန်ကို ၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အရေးနိမ့်ခဲ့တာဖြစ်ပြီး တန်းတက်အသင်း (၃) သင်းစလုံး ကိုလည်း ၁၉၉၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

play

 

လူကာကူဟာ ဒဏ်ရာကြောင့် ဘရိုက်တန်နဲ့ပွဲကို လွဲချော်ခဲ့ရတာဖြစ်ပြီးတော့ မော်ရင်ဟိုအနေနဲ့ ဆန်းချက်ဇ်ကိုလည်း အနားပေးခဲ့ပြီး ရက်ဖို့ဒ်နဲ့မာရှယ် တို့ကို အထောင်တိုက်စစ်မှူးတွေအဖြစ် ကစားစေခဲ့တာဖြစ်ပါတယ်။ ရက်ဖို့ဒ်နဲ့မာရှယ်တို့ရဲ့ ခြေစွမ်းဟာ လုံလောက်တဲ့ အရည်အသွေးမျိုး ပြသနိုင်ခဲ့ခြင်းမရှိပဲနဲ့ မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းဟာ ရုန်းကန်မှုတွေ ရှိခဲ့ပါတယ်။

play

 

" တစ်ဦးတစ်ယောက်ချင်းကစားနေတဲ့အခါမှာ အသင်းအနေနဲ့ ကောင်းကောင်းကစားဖို့ အခက်တွေ့ခဲ့ရတယ်၊ အခုချိန်မှာ ခင်ဗျားအနေနဲ့ ကျွန်တော့်ကို မေးစရာမလိုတော့ပါဘူး၊  A, B နဲ့ C တို့ဟာ ဘာလို့ ပွဲများများမကစားရတာလဲ ဆိုတာကိုပေါ့၊ ဘာလို့အမြဲတမ်း လူကာကူလဲ၊ ဘာလို့အမြဲတမ်း လူကာကူလဲ၊ ဘာလို့အမြဲတမ်းလူကာကူလဲ၊ လူကာကူ ဘာလို့ အမြဲတမ်း ကစားခွင့်ရနေလဲဆိုတဲ့ အဖြေကို ခင်ဗျားတို့ သိပြီမဟုတ်လား" လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

play

 

မော်ရင်ဟိုအနေနဲ့ ရက်ဖို့ဒ်နဲ့မာရှယ်တို့ရဲ့ ခြေစွမ်းအပေါ်မှာ ဒေါသထွက်နေခဲ့တယ်လို့ ယူဆခဲ့ရပြီး လူကာကူကိုသာ ပုံမှန်နေရာပေးနေခဲ့တဲ့ သူ့ရဲ့လုပ်ရပ်အပေါ်မှာ ဖြေရှင်းခဲ့တာလည်း ဖြစ်ပါတယ်။ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် မန်ယူအသင်းဟာ မေလ (၁၉) ရက်နေ့မှာ ချယ်လ်ဆီးနဲ့ ကစားရမှာဖြစ်ပြီးတော့ မာရှယ်နဲ့ရက်ဖို့ဒ်တို့အတွက်တော့ ပါဝင်ကစားခွင့် ဆုံးရှုံးရဖွယ် ရှိနေပါတယ်။

play

 

" ဒုတိယပိုင်းမှာ အသင်းဟာ ပုံစံကောင်းပြသနိုင်မှု မရှိခဲ့ပါဘူး၊ အရေးကြိးတဲ့ အမှတ်ပေးဇယားအဆင့် (၂) နေရာအတွက် လွဲချော်ခဲ့ရပြီးတော့ ကျွန်တော့်ကစားသမားတွေဟာ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပြုပြင်ပြောင်းလဲနိုင်မှု အားနည်းခဲ့ပါတယ်" လို့လည်း မော်ရင်ဟိုက ထပ်မံပြောကြားခဲ့ပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD