AD
AD
AD

အာဆင်နယ်အသင်းရဲ့ နည်းပြ အာစင်ဝင်းဂါးအနေနဲ့ ယခုနှစ် ရာသီအကုန်မှာ အာဆင်နယ်အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ပြီး ၂၂ နှစ်တာ လက် တွဲလာခဲ့ပြီးနောက် ယခုလို လမ်းခွဲတော့မှာလည်း ဖြစ်ပါတယ်။

play

 

လက်ရှိမှာတော့ အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ပြီး အာဆင်နယ်အသင်းနဲ့အတူ လက်ကျန် ၃ ပွဲသာ လက်တွဲဖို့ ကျန်ရှိတော့တာလည်း ဖြစ်ပါ တယ်။

play

 

အဆိုပါ လက်ကျန်ပွဲ ၃ ပွဲအနက် တစ်ပွဲသာလျှင် အိမ်ကွင်းပွဲစဉ်အဖြစ် ကျန်ရှိနေတော့တာဖြစ်ပြီး ကျန်နှစ်ပွဲမှာ အဝေးကွင်း လိုက်ပါ ကစားရမှာ ဖြစ်တာကြောင့် ယခုတစ်ပတ် ဘန်လေအသင်းနဲ့ ပွဲစဉ်ဟာ အာစင်ဝင်းဂါးအတွက် အာဆင်နယ် နည်းပြအဖြစ်နဲ့ အိမ်ကွင်း အီးမရိတ်ကွင်းကြီးမှာ နောက်ဆုံး ကစားရတော့မယ့် ပွဲ ဖြစ်နေတာလည်း ဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ ကွင်းဟောင်း ဟိုက်ဘူရီကွင်းကြီးကနေ ယခုလို ပရိသတ် ၆ သောင်းကျော် ဆံ့တဲ့ ကွင်းသစ်ကြီး အီးမရိတ်ကွင်းကြီးကို တည်ဆောက်နိုင်ဖို့အတွက် အာစင်ဝင်းဂါးရဲ့ အခမ်းကဏ္ဍဟာလည်း အရေးပါခဲ့ပါတယ်။

၂၀၀၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ သက်တမ်းအားဖြင့် ၁၂ နှစ်တာ ကျင်လည်ခဲ့တဲ့ ယခု အီးမရိတ်ကွင်းကြီးကိုတော့ အာစင် ၀င်းဂါး မနက်ဖြန်ဆိုရင် နှုတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ယခုလို အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာ ၂၂ နှစ်တာ ကာလအတွင်း အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို နှုတ်ဆက်သလို အီးမရိတ် ကွင်းကြီးကိုလည်း နှုတ်ဆက်သွားမယ်လို့ အာစင်ဝင်းဂါးက မနက်ဖြန်ကစားမယ့် ဘန်လေအသင်းနဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောခဲ့ပါတယ်။

"ကျွန်တော်က အသင်းတစ်သင်းနဲ့ ဆင်တူနေပါပြီ။ဒါက စိတ်ပျက်ဖွယ်၊၀မ်းနည်းဖွယ်တော့ ကောင်းပါတယ်။ဒါပေမယ့် ကလပ်အသင်းအတွက် တော့ ကောင်းပါတယ်။အခုဆိုသူတို့အတွက် လာမယ့်ရာသီဘာလုပ်နိုင်မလဲ စဉ်းစားဖို့ အချိန်ရပါတယ်။ကျွန်တော့်အတွက်တော့ ဒီအတွက်ကနေ ပြန်လည်ကုစားဖို့တော့ အချိန်လိုတာပေါ့။အနာဂတ်မှာ ကျွန်တော်ဘာလုပ်မလဲဆိုတာကိုတော့ ဒီအချိန်မှာ မစဉ်းစားရသေးပါဘူး။သေချာတာက တော့ ကျွန်တော်အားလုံးကို နှုတ်ဆက်ခဲ့မှာပါ။" လို့ အာစင်ဝင်းဂါးက ပြောခဲ့ပါတယ်။

အာစင်ဝင်းဂါး လက်ထက်မှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် အက်ဖ်အေဖလား ၇ ကြိမ် ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်က ချန်ပီ ယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

Source- Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD