AD
AD
AD

သောကြာနေ့ မနက်က ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့အပြင် ပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုပါ ရရှိခဲ့တဲ့ ကော်စတာရဲ့ ခြေစွမ်းကို အားကစားသုံးသပ်သူ ဂျာ မိန်းဂျီးနက်စ်က ချီးကျူးခဲ့ပါတယ်။

play

 

ဒါ့အပြင် ကော်စတာရဲ့ ခြေစွမ်းကို ကြည့်မိပြီး ချဲလ်ဆီးပရိသတ်တွေ ကြေကွဲနေလောက်ပြီလို့လည်းဂျီးနက်စ်က သုံးသပ်ပြောခဲ့ပါသေးတယ်။

play

ကော်စတာအနေနဲ့ အဆိုပါ ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့သူ ဖြစ်ပြီး အသင်းအတွက် အရေးပါတဲ့ ဂိုးကိုတော့ ဂရုဇ်မန်းရဲ့ ပေး ပို့မှုကတစ်ဆင့် သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့မူ ပြီးခဲ့တဲ့နွေရာသီက ကော်စတာကို အက်သလက်တီကိုအသင်းထံ ပြန်လည်ရောင်းချခဲ့တာ ဖြစ်ပြီး ၎င်းနေရာမှာတော့ ရီးရဲအသင်းမှ မိုရာတာနဲ့ အစားထိုးခဲ့တာလည်း ဖြစ်ပါတယ်။

သို့သော်လည်း မိုရာတာရဲ့ ထင်သလောက်မစွမ်းနိုင်တဲ့အခြေအနေမှာ ကော်စတာရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းတွေကြောင့် အခုချိန်မှာ ချဲလ်ဆီး ပရိ သတ်တွေ ကြေကွဲနေကြရပြီလို့ အားကစားသုံးသပ်သူ ဘောလုံးသမားဟောင်း ဂျာမိန်း ဂျီးနက်စ်က ပြောခဲ့တာလည်း ဖြစ်ပါတယ်။

" ချဲလ်ဆီးပရိသတ် တော်တော်များများ ဒီပွဲကို ကြည့်မိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲ့ဒီညက သူတို့အတွက် အင်မတန်မှ ကြေကွဲစရာ ကောင်းလိမ့်မယ်လို့လည်း မြင်မိပါတယ်။ ကော်စတာ ဘယ်လောက်ကောင်းလဲဆိုတာ သူတို့ မြင်ခဲ့ရလို့ပဲ ဖြစ်ပါတယ်။" လို့ ဂျီးနက်စ်က ပြောခဲ့ ပါတယ်။

အက်သလက်တီကိုအသင်းအနေနဲ့ အဆိုပါ နိုင်ပွဲကြောင့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပြီး မာဆေးအသင်းနဲ့ ကစားရမှာ ဖြစ် ပြီး ချဲလ်ဆီးအသင်းကတော့ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD