AD
AD
AD

ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ရပေမယ့်လည်း ဦးဆောင်ဂိုးကို မထိန်းထားနိုင်တဲ့အပြင် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည် ခွင့် ပြုပေးခဲ့ရပြီးနောက် စတုတ်စီးတီးအသင်း ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး တန်းဆင်းရမယ့် အသင်းဖြစ်လာခဲ့ပါပြီ။

play

 

စတုတ်စီးတီးအသင်းအနေနဲ့ အနိုင်ရလဒ်အတွက် အဓိက ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့ကာ ပွဲချိန် ၄၃ မိနစ်မှာ ရရှိတဲ့ အလွတ်တည်ကန် ဘောကို ကွင်းလယ်လူ ရှာကွီရီက တိုက်ရိုက်ကန်သွင်းကာ ပထမပိုင်းအပြီးမှာ စတုတ်စီးတီးအသင်းကို တန်းမဆင်းရရေး မျှော်လင့်ချက် ပေးခဲ့ ပါတယ်။

play

 

ဒုတိယပိုင်းမှာလည်း စတုတ်စီးတီးအသင်း အနိုင်သေချာစေမယ့် သွင်းဂိုးတွေ ထပ်မံသွင်းယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း ခရစ္စတယ်ပဲလေ့စ်အသင်း ကချေပဂိုးပြန်ရခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာ မက်ခ်အာသာက အနီးကပ်ပိတ်သွင်းရယူခဲ့ပါတယ်။

ချေပဂိုးပေးလိုက်ရတာကြောင့် စတုတ်အနည်းငယ် သွေးပျက်ခဲ့ရပြီး တိုက်စစ်မြှင့်ခဲ့ရာမှာတော့ ခရစ္စတယ်ပဲလေ့စ်အတွက် အခွင့်အရေး ဖြစ်ခဲ့ပြီး ၈၆မိနစ်မှာ စတုတ်စီးတီးကို တန်းဆင်းစေမယ့်သွင်းဂိုးကို ဗန်အန်ဟော့ခ်က သွင်းယူကာ ပွဲအပြီးမှာ ဧည့်သည် ပဲလေ့စ့်အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ ရှုံးနိမ့်လိုက်လို့ စတုတ်စီးတီးအသင်းဟာ ၃၇ ပွဲကစားအပြီး ရမှတ် ၃၀ နဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေကာ အဆင့် ၁၇ နေရာမှ ဆွမ် ဆီးအောက် ၂ ပွဲပိုကစားကာ ရမှတ် ၃ မှတ်လျော့ အနေအထားမှာ ရှိနေခဲ့ကာ တန်းဆင်းခဲ့ရတာလည်း ဖြစ်ပါတယ်။

ဆွမ်ဆီးအသင်းအနေနဲ့ လက်ကျန် ၃ ပွဲစလုံးမှာ ရမှတ် ၁ မှတ်ရခဲ့လျှင် စတုတ်စီးတီးအသင်း သေချာပေါက် တန်းဆင်းရမှာ ဖြစ်ပြီး လက်ကျန် ၃ ပွဲစလုံးမှာ ရှုံးနိမ်ခဲ့ရင်တောင့် စတုတ်စီးတီးအသင်းက နောက်ဆုံးပွဲစဉ်ကို ၉ ဂိုးလောက် သွင်းပြီး အနိုင်ရဖို့ လိုနေတာကြောင့် တန်းတင် ကျန်ရစ် ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့လောက်အောင် နည်းပါးခဲ့ရတာ ဖြစ်ပါတယ်။

ယခုလို တန်းဆင်းရတာကြောင့်လည်း ပရီးမီးယားလိဂ်မှာ ၁၀ ကြာ ကျင်လည်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရတာ ဖြစ်ကာ ယခုနှစ် ဘောလုံးရာသီအတွက်လည်း ပထမဆုံးတန်းဆင်းဖို့ သေချာခဲ့တဲ့ အသင်း ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD