AD
AD
AD

လာမယ့် ဇွန်လအတွင်း ကျင်းပပြုလုပ်မယ့် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ လစ်လပ်သွားတော့မယ့် အသင်းရဲ့ နည်းပြနေရာအတွက် အစား ထိုးနိုင်ဖို့ အာဆင်နယ်အသင်း ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

play

 

လက်ရှိ နည်းပြ အာစင်ဝင်းဂါးမှာ ယခုနှစ် ဘောလုံးရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပြီး ၎င်းနေရာမှာ အစားထိုးမယ့် နည်းပြ စာရင်းတွေလည်း ထွက်ပေါ်လျက်ရှိနေပါတယ်။

play

 

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်ဖို့ အဓိက ရေပန်းစားနေသူကတော့ ဘာစီလိုနာ နည်းပြဟောင်း ဖြစ်ပြီး လက်ရှိ ဂျူဗင်တပ် အသင်း နည်းပြ အယ်လီဂရီနီလည်း ရေပန်းစားနေပါတယ်။

အခြားသော နည်းပြ အဖြစ် ရေပန်းစားနေသူတွေကတော့ အာဆင်နယ် ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဗီရဲယာ၊အာတီတာ တို့ ဖြစ်ပြီး မိုနာကို အသင်းရဲ့ နည်းပြ လီယိုနာဒိုနဲ့ ချန်ပီယံလိဂ် ၃ ကြိမ်ရ အန်ဆယ်လော့တီတို့လည်း ပါဝင်နေပါတယ်။

အာဆင်နယ်အသင်းဟာ နည်းပြ အာစင်ဝင်းဂါး ကိုင်တွယ်ခဲ့တဲ့ ၂၂ နှစ်တာ ကာလအတွင်းမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတစ်ကြိမ်သာ တက်လှမ်းနိုင် ခဲ့ပြီး ချန်ပီယံတော့ မဖြစ်ခဲ့ဖူးပါဘူး။

ပရီးမီးယားလိဂ်ဖလား ၃ကြိမ်နဲ့ အက်ဖ်အေဖလား ၇ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ၂၀၀၃-၀၄ နောက်ပိုင်း ပရီးမီးယားလိဂ် ဆုဖလား မရရှိနိုင်တော့တာကလည်း အာဆင်နယ်အသင်းရဲ့ အားနည်းချက်အဖြစ်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ယခုနှစ်မှာလည်း ယူရိုပါလိဂ် ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမယ့် အက်သလက်တီကိုအသင်းနဲ့ တွေ့ဆုံခဲ့ပြီး နှစ်ကျော့ပေါင်းရ လဒ် ၂-၁ ဂိုးနဲ့ ကျန်ရစ်ခဲ့ပြန်ကာ ဗိုလ်လုပွဲနဲ့ ဝေးခဲ့ရပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အဆင့် ၆ နေရာသာ ရပ်တည်ထားနိုင်တာကြောင့်လည်း လာမယ့်နှစ် ချန်ပီယံလိဂ် ၀င်ခွင့်နဲ့ ဝေးခဲ့ရပြီ ဖြစ်သလို ယူရိုပါလိဂ် ပြိုင်ပွဲ ၀င်ခွင့်နဲ့သာ ကျေနပ်ခဲ့ရပြီလည်း ဖြစ်ပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD