AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာ လုံးဝပြီးပြည့်စုံမယ့် ကစားသမားဖြစ်လာလိမ့်မယ်လို့ မန်စီးတီး ကွင်းလယ်လူ ယာယာတိုရေးက ဟောကိန်းထုတ် ပြောကြားလိုက်ပါတယ်။ အသက် (၂၅) နှစ်အရွယ်ရှိ ပေါ့ဂ်ဘာဟာ ဒီနှစ်ဘောလုံးရာသီမှာ ရုန်းကန်နေခဲ့ရပေမယ့်လည်း ပေါ့ဂ်ဘာဟာ ဧပြီလအတွက် မန်ယူအသင်းရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

လာမယ့်ရာသီကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာတော့မယ့် ယာယာတိုရေးက ပေါ့ဂ်ဘာရဲ့ ခြေစွမ်းအပေါ်မှာ ချီးကျူးပြောဆိုခဲ့တာ ဖြစ်ပြီးတော့ ပြင်သစ်ကစားသမားဟာ များမကြာမီကာလအတွင်းမှာ ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်လာမယ်လို့ ညွှန်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ပေါ့ဂ်ဘာနဲ့ ပတ်သက်ပြီးတော့ ယာယာတိုရေးက အခုလိုပဲ ပြောဆိုခဲ့ပါတယ်။

play

 

" လူတွေရဲ့ အမြင်မှားနေမှုတွေကို သက်သေပြတုံ့ပြန်ရတာကို ကျွန်တော်နှစ်ခြိုက်တယ်ဗျ၊ အမြဲတမ်း ကျွန်တော်က ဖိအားတွေနဲ့ ရှင်သန် နေခဲ့ရတာ၊ ပေါ့ဂ်ဘာလည်း အဲဒီအတိုင်းဖြစ်နေတာ၊ သူနဲ့ ကျွန်တော်နဲ့က စရိုက်လက္ခဏာချင်း တူညီနေကြတယ်" လို့ တိုရေးက BBC နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ဖြေကြားခဲ့ပါတယ်။

play

 

" သူဟာ ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်လာမယ်လို့ ကျွန်တော်ကတော့ ယုံကြည်မိတယ်၊ ဝေဖန်နေတဲ့သူတွေအနေနဲ့ တကယ်ရိုးသားမှု ရှိမယ်ဆိုရင် အခုကျွန်တော်ပြောတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ တကယ်ဖြစ်လာခဲ့ရင် သူတို့မှားယွင်းကြောင်း ၀န်ခံစေချင်တယ်" လို့လည်း တိုရေးက ထပ်မံပြောကြားခဲ့ပါတယ်။ တိုရေးအနေနဲ့ သူ့အပေါ် ဝေဖန်ခံခဲ့ရမှုတွေ နဲ့ ပေါ့ဂ်ဘာအပေါ် ဝေဖန်နေမှုတွေကို နှိုင်းယှဉ် သုံးသပ်ပြီးတော့ ပြောခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ယာယာတိုရေးကတော့ မန်စီးတီးအသင်းက ထွက်ခွာမှာဖြစ်ပေမယ့် အင်္ဂလန်မှာပဲ ဆက်လက်ကစားလိုနေပြီးတော့ သူ့ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းဟာ အနည်းဆုံး (၅)သင်းခန့် ရှိတယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ တိုရေးကို မေးမြန်းခဲ့ရာမှာလည်း ကစားသမားက " လုံးဝကို အသေချာပါပဲ" လို့ ပြန်လည် ဖြေကြားခဲ့တယ်လို့လည်း သိရှိရပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD