AD
AD
AD

၂၀၁၇-၁၈ ပရီးမီးယားလိဂ် ဘောလုံးရာသီရဲ့ နောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်မကစားမီ ယနေ့မှာတော့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ကြေညာခဲ့ရာမှ လီဗာပူး တိုက်စစ်မှူး ဆာလာက ဆွတ်ခူးနိုင်ခဲ့ပါတယ်။

play

 

ဆာလာအနေနဲ့ ယခုနှစ်အတွင်း အားကစား သတင်းထောက်များကပေးအပ်တဲ့ အကောင်းဆုံးကစားသမားဆုနဲ့ PFA တစ်နှစ်တာအကောင်းဆုံး ဆုတို့ကို ဆွတ်ခူးထားပြီးလည်း ဖြစ်ပါတယ်။

play

 

ဆာလာအနေနဲ့ ယခုဆုကို မန်စီးတီးမှ ဒီဘရိုင်း၊စတားလင်း၊မန်ယူမှ ဒီဂီယာ၊ဘန်လေမှ တာကောစကီးနဲ့စပါးမှ ကိန်းတို့ကို ကျော်လွန်ပြီး  ဆွတ် ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပရိသတ်နဲ့ အားကစား ကျွမ်းကျင်သူများအားလုံးက ဆာလာကို ယခုဆုအတွက် သဘောတူညီခဲ့ကြတာ ဖြစ်ပြီး ဆာလာကိုယ်တိုင်ကလည်း အ သင်းနဲ့အတူ ပထမဆုံးရာသီမှာပင် အသင်းအတွက် ဂိုး ၃၀ ကျော် သွင်းယူကာ ခြေစွမ်းပြထားသူ ဖြစ်ပါတယ်။

ယခု ရရှိခဲ့တဲ့ တစ်နှစ်တာအကောင်းဆုံး ဆုအတွက် -" အရမ်းပျော်သလို၊အရမ်းလည်း ဂုဏ်ယူနေမိပါတယ်။" လို့ ဆာလာက ထုတ်ဖော်ပြောခဲ့ပါ တယ်။

ဆာလာဟာ ပရီးမီးယားလိဂ်မှာ ယခုမှ စတင်ကစားခဲ့တာ မဟုတ်ပဲ ၂၀၁၄ ခုနှစ်က ချဲလ်ဆီးအသင်းနဲ့အတူ စတင်ကစားခဲ့သူဖြစ်ပြီး -" ချဲလ်ဆီး တာဝန်ရှိသူတွေက ကျွန်တော့်ကို ဒီမှာ အောင်မြင်မှု ရလိမ့်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ဒီစကားက ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်း ရှိနေပါတယ်။" လို့ ဆာလာက ပြောခဲ့ပါသေးတယ်။

ဆာလာဟာ ချဲလ်ဆီးမှာ ရှိစဉ်အခါက အသင်းနဲ့အတူ လိဂ်ပွဲ ၆ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး လူစားဝင်ကစားသမားအဖြစ် ၇ ပွဲသာ ပါဝင်ခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးအတွက် ကစားပေးခဲ့တဲ့ ပထမဆုံး ပွဲစဉ် ၃၅ ပွဲမှာတော့ ၃၁ ဂိုးအထိ သွင်းယူပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာလာဟာ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း နိုဝင် ဘာ၊ဒီဇင်ဘာ၊ဖေဖော်ဝါရီနဲ့ မတ်လတွေမှာရရှိထားပါသေးတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD