AD
AD
AD

ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ပွဲစဉ် (၃၈) ကို မြန်မာစံတော်ချိန် ည (၈း၃၀) နာရီမှာ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကစားခဲ့ကြပါတယ်။ အဲဒီထဲက ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပါးနဲ့လက်စတာတို့ရဲ့ ပွဲစဉ်မှာတော့ နှစ်ဖက်အသင်းရဲ့ သွင်းဂိုး အများအပြားကို မြင်တွေ့ခဲ့ရပြီး ဖျော်ဖြေမှု အပြည့်အ၀ပေးနိုင်ခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

play

 

လက်စတာအသင်းက အဝေးကွင်းမှာ နှစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ အနေအထားရှိခဲ့ပေမယ့် စပါးအသင်းရဲ့ ပြန်လည်ချေပမှုတွေကို ခွင့်ပြုခဲ့ရပြီးတော့ အဆုံးသတ်မှာ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ နိုင်ပွဲနဲ့ နှုတ်ဆက်နိုင်ဖို့ ကြိုးစားခဲ့ကြပြီးတော့ အိမ်ရှင်စပါး အသင်းကတော့ ဟာရီကိန်း၊ လူးကပ်စ်မော်ရာ၊ ဆစ်ဆိုကို၊ အဲရစ်ဆင်၊ လာမယ်လာ အစရှိတဲ့ တိုက်စစ်အားသန် ကစားသမားတွေကို ထည့်သွင်းခဲ့သလို လက်စတာကလည်း ဗာဒီ၊ မာရက်ဇ်၊ အီဟီရာနာချို၊ ဂရေးတို့လို တိုက်စစ်ကစားသမားတွေကို ထည့်သွင်းခဲ့တာကြောင့် ပွဲက မြိုင်ဆိုင်ခဲ့ပြီး ကြည့်ကောင်းခဲ့ပါတယ်။

play

 

တိုက်စစ်ကို ပုံဖော်ကစားခဲ့ကြတာမို့ အကြိတ်အနယ်ရှိခဲ့ပြီး ရရှိတဲ့ အခွင့်အရေးကိုလည်း နှစ်သင်းစလုံးဟာ အပိုင်အသုံးချနိုင်ခဲ့ကြပါတယ်။ တိုက်စစ်ပိုင်းရသကို အပြည့်အ၀ပေးစွမ်းနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းအားနည်းမှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ လက်စတာအနေနဲ့ အဝေးကွင်းမှာ ဦးဆောင်ကစားနိုင်ခဲ့ပြီးတော့ စပါးအသင်းကို ဖိအားပေးနိုင်ခဲ့ပေမယ့် စပါးအသင်းကလည်း အိမ်ရှင်အသင်းပီပီ ပြန်လည်ဖိအားပေးနိုင်ခဲ့ပါတယ်။

play

 

အိမ်ရှင်စပါးအသင်းအတွက် ဂိုးတွေကိုတော့ ဟာရီကိန်းက (၂)ဂိုး၊ လာမယ်လာက (၂) ဂိုးနဲ့ လက်စတာနောက်ခံလူ ဖြူ့ခ်ျက ကိုယ့်ဂိုးကိုယ် တစ်ဂိုး သွင်းယူခဲ့ပါတယ်။ လက်စတာအတွက် ဂိုးတွေကိုတော့ ဗာဒီက (၂)ဂိုး၊ မာရက်ဇ်က (၁)ဂိုး နဲ့ အီဟီရာနာချိုတို့က (၁)ဂိုးစီ သွင်းယူပေးနိုင်ခဲ့ပါတယ်။ စပါးကတော့ နိုင်ပွဲကြောင့် အဆင့်(၃) နဲ့ ရာသီသိမ်းခဲ့ပြီး လက်စတာအသင်းကတော့ အဆင့် (၉) နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

 

________________________________

 

နောက်ထပ်ပွဲစဉ် တစ်ပွဲဖြစ်တဲ့ ဆောက်သမ်တန်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်ကတော့ စပါးနဲ့လက်စတာအသင်းတို့ရဲ့ ပွဲနဲ့ ခြားနားခဲ့ပြီး မန်စီးတီးအသင်းက ဂါဘရီရယ်ဂျီးဆပ်ရဲ့ နာကျင်အချိန်ပိုသွင်းဂိုး တစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းကတော့ မန်စီးတီးကို ပွဲပြီးခါနီးအထိ တောင့်ခံကစားနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးသွင်းဂိုးကြောင့် အိမ်ကွင်းမှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

play

 

နှစ်သင်းစလုံးဟာ အမာခံကစားသမားတွေကို ထည့်သွင်းအသုံးပြုခဲ့ပြီးတော့ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆောက်သမ်တန်အသင်းရဲ့ မာကျောတဲ့ ကစားပုံကြောင့် ဂိုးရရှိဖို့ အခက်တွေ့ခဲ့ရပြီး ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်းလည်း နည်းပါးခဲ့ပါတယ်။ ဆောက်သမ်တန်ကတော့ အိမ်ကွင်းမှာ အမှတ်ရဖို့ ဦးတည်ကစားခဲ့ပြီး မန်စီးတီးကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်သွားခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း လူစားဝင်တိုက်စစ်မှူး ဂျီးဆပ်ရဲ့ သွင်းဂိုးကို ဆောက်သမ်တန်အသင်း ခွင့်ပြုခဲ့ရပါတယ်။ မန်စီးတီးကတော့ နိုင်ပွဲရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ အမှတ် (၁၀၀) အပြည့်ရရှိပြိး ဗိုလ်စွဲခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာအတွက်တော့ ချိုမြိန်တဲ့နီုင်ပွဲဖြစ်ခဲ့ပြီး အသင်းရဲ့ ဆုဖလားရရှိမှုအပြီးမှာ ရာပြည့်အမှတ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဆောက်သမ်တန်ကတော့ ရှုံးနိမ့်ခဲ့ပေမယ့် အမှတ်ပေးဇယား အဆင့်(၁၇)မှာ ရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်ခွင့် ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းကတော့ စံချိန်မှတ်တမ်းအတွက် ကစားခဲ့တဲ့ ပွဲဖြစ်ပြီး လိုအပ်ခဲ့တဲ့ စံချိန်မှတ်တမ်းတစ်ခုကို ရရှိခဲ့တာကြောင့် ကျေနပ်ခဲ့ရတဲ့ ပွဲစဉ်ဖြစ်ပြီးတော့ ၂၀၁၇-၁၈ ဘောလုံးရာသီကို လှလှပပနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD