AD
AD
AD

ချဲလ်ဆီး နည်းပြ ကွန်တီက အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် ကစားမယ့် မန်ယူအသင်းနဲ့ ပွဲစဉ်မှာ ဘာမှ လုပ်မပြနိုင်ခဲ့ဘူးဆိုရင် နယူးကာဆယ် အသင်းကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အခြေအနေကို ပြန်အဖတ်ဆယ်နိုင်မှာ မဟုတ်ဘူးလို့ ကစားသမားတွေကို သတိပေး ပြောဆိုမှု တစ်ရပ်ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။

play

 

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး အဆင့် ၅ နေရာနဲ့သာ ကျေနပ် ခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

"ပြောင်းလဲဖို့ အချိန်တန်ပါပြီ။နယူးကာဆယ်နဲ့ပွဲမှာလို့ ကစားရင် အက်ဖ်အေဖလား မှာလည်း ကျွန်တော်တို့ ရှုံးနိမ့်အုံးမှာပါပဲ။အခု ကျွန်တော်တို့ အတွက် ပြင်ဆင်ချိန် ၆ ရက်လောက်ကျန်ရှိနေပါသေးတယ်။" လို့ ကွန်တီက ထုတ်ဖော်ပြောခဲ့ပါတယ်။

ကွန်တီမှာ ရာသီအကုန်မှာအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူ တစ်ဦးဖြစ်ကာ ယခုနှစ်ရာသီမှာလည်း ဆုဖလား တစ်ခုမှ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခြင်းမရှိသေးတာကြောင့် အက်ဖ်အေဖလားဟာ တစ်ခုတည်းသော ဆုဖလား မျှော်လင့်ချက်ဖြစ်နေပါ တယ်။

အက်ဖ်အေဖလား ဗိုလ်လုပွဲကိုတော့ လာမယ့် စနေနေ့မှာ ၀င်ဘလေကွင်းအတွင်း မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာလည်း ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD