AD
AD
AD

့ပရီးမီးယားလိဂ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ကာဟာ လာမယ့် ကြာသာပတေးနေ့၊ မေလ (၁၇) ရက်နေ့မှာ စတင်ပြီးတော့ ဈေးကွက် ဖွင့်လှစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ခါတိုင်းနှစ်တွေထက် ပိုမိုစောစီးစွာ အပြောင်းအရွှေ့ကာလကို သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီရဲ့ အပြောင်းအရွှေ့ကိုတော့ ဇွန်လ (၁) ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါပေမယ့် ဒီနှစ်မှာတော့ အပြောင်းအရွှေ့ကာလကို စောစီးစွာ သတ်မှတ်ပြီးတော့ ဈေးကွက်ပိတ်သိမ်းချိန်ကိုလည်း စောလျင်စွာ ရုတ်သိမ်း သွားမယ်လို့ သိရပါတယ်။ သြဂုတ် ၃၁ ရက်နေ့မှ သြဂုတ်လ (၉) ရက်နေ့ကို အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်အဖြစ် စောစီးစွာ သတ်မှတ်မှုကို ပရီးမီးယားလိဂ်အသင်းတွေကလည်း သဘောတူညီမှု ရှိခဲ့တယ်လို့ သိရပါတယ်။

play

 

ဖီဖာရဲ့ မူဝါဒများအရ နွေရာသီအပြောင်းအရွှေ့ကာလဟာ စုစုပေါင်း ရက်သတ္တပတ် (၁၂)ပတ်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ ဒီလို အပြောင်းအရွှေ့ကာလ ပြောင်းလဲသတ်မှတ်မှုဟာ ပရီးမီးယားလိဂ်တစ်ခုတည်းပဲ ရှိမှာဖြစ်ပြီးတော့ အခြားသော ဥရောပရဲ့ အဓိကလိဂ် တွေဟာ ပုံမှန်အတိုင်း ဇွန်လ (၁)ရက်နေ့မှ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။

play

 

ပရီးမီးယားလိဂ် ကလပ်တွေအနေနဲ့ သြဂုတ်လ (၉) ရက်နေ့ နောက်ဆုံးထားပြီးတော့ အပြောင်းအရွှေ့တွေကို အဆုံးသတ်ရမှာ ဖြစ်ပြီး ကစားသမားခေါ်ယူမှု၊ ရောင်းချမှုတွေကိုလည်း အပြီးသတ်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလ မှာတော့ အင်္ဂလန်ကလပ်အသင်းတွေရဲ့ အပြောင်းအရွှေ့အသုံးစရိတ်ဟာ စုစုပေါင်း ပေါင် ၁.၄ဘီလျံအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ အဲဗာတန်တိုက်စစ်မှူး လူကာသူကတော့ ပေါင် (၇၅)သန်းနဲ့ ပရီးမီးယားလိဂ်ရဲ့ ဈေးအမြင့်ဆုံး ကစားသမားအဖြစ် ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှ မှတ်တမ်းဝင်ခဲ့ပြီးတော့ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ မိုရာတာကတော့ ပေါင်သန်း (၇၀) နဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD