AD
AD
AD

အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှ ပရီးမီးယားလိဂ်ကို လက်ကျန် တန်းတက်ခွင့်ရတစ်နေရာအတွက် အသင်းလေးသင်းယှဉ်ပြိုင်နေခဲ့ကြရာမှာတော့ ဖူ ဟမ်အသင်းက ဒါဘီအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး ခြေစစ်ပွဲနောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းထားနိုင်ပြီဖြစ်ပါတယ်။

play

 

နည်းပြ အလက်ဇန္ဒား မီထရိုဗစ်ရဲ့ဖူဟမ်အသင်းအနေနဲ့  ခြေစစ်ပွဲ ဗိုလ်လုပွဲအဆင့်မှာတော့ မစ်ဒယ်ဘရော့အသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ ပွဲစဉ်မှ အနိုင်ရလာသူနဲ့ နောက်ဆုံးအဆုံး အဖြတ်ပွဲအဖြစ် ကစားရမှာလည်း ဖြစ်ပါတယ်။

play

 

ပြိုင်ဖက် အစစ်အမှန်ကိုတော့ ယနေ့ည မနက်ဖြန် မနက်မှာ သိရတော့မှာ ဖြစ်ပြီး အက်စတွန်ဗီလာအသင်းကတော့ မစ်ဒယ်ဘရော့အသင်းကို ပထမအကျော့က ၁-၀ ဂိုးနဲ့ အနိုင်ရထားလို့ အခြေအနေအကောင်းနေပါတယ်။

ဖူဟမ်အသင်းအနေနဲ့ ၂၀၁၆-၁၇ ဘောလုံးရာသီတုန်းကလည်း ယခုလိုပဲ ခြေစစ်ပွဲကစားခွင့်ရခဲ့ပြီး ရီးဒင်းအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ခြေစစ်ပွဲမအောင်မြင်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

ယခုတစ်ခါမှာတော့ ဆီမီးဖိုင်နယ်အဆင့်ကို ကျော်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် မေလ ၂၆ ရက်နေ့မှာတော့ တစ်ဖက် ဆီမီးဖိုင်နယ်က အနိုင် ရလာတဲ့အသင်းနဲ့ ၀င်ဘလေကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

ဖူဟမ်အသင်းအတွက်တော့ ယခုလို ၀င်ဘလေကွင်းကြီးအတွင်းတစ်ဖန်ပြန်လည်ကစားခွင့်ရခဲ့ခြင်းဟာ ၁၉၇၅ ခုနှစ်က အက်ဖ်အေဖလား ဗိုလ်လု ပွဲမှာ ၀က်စ်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်အပြီး ပထမဆုံး ပြန်လည်ကစားခွင့်ရလာတာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကိုတော့ ၂၀၁၄ခုနှစ်က တန်းဆင်းခဲ့ရပြီး ၅ နှစ်အကြာမှာ တန်းပြန်လည်တက်ရောက်နိုင်ရေး လက်တစ်ကမ်းအလိုကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဖူဟမ်အသင်းတန်းပြန်လည်တက်ရောက်နိုင်ခဲ့ပါက ပရီးမီးယားလိဂ်မှာ လန်ဒန်မြို့ခံပြိုင်ဘက်အသင်း အများဆုံး ပါဝင်လာတော့မှာ ဖြစ်ပြီး အာဆင်နယ်၊ချဲလ်ဆီး၊စပါး၊ခရစ္စတယ်ပဲလေ့စ်၊၀က်စ်ဟမ်းအသင်းတို့ ပါဝင်ယှဉ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD