AD
AD
AD

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လာမယ့် ၂၀၂၁ ခုနှစ်မှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံစံတစ်မျိုးနဲ့ ထပ်မံ ဆန်းသစ် ကျင်းပဖို့ ဆောင်ရွက်နေတယ် လို့ သိရပါတယ်။

play

 

ပြီးခဲ့တဲ့ ဧပြီလကတည်းက အဆိုပါပြိုင်ပွဲအတွက် ကြေညာခဲ့တာ ဖြစ်ပြီး ပရိသတ်တွေနဲ့ စပွန်ဆာတွေကို အတွက်စိတ်လှုပ်ရှားစရာ ပြိုင်ပွဲတစ်ခု အဖြစ်ရှိနေခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့ ဒါရိုက်တာဘူထရာဂူအီနို အဆိုပါ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး -" အရမ်းကို စိတ်လှုပ်ရှားစရာကောင်းမှာပါ။အရိုးသားဆုံးပြောရမယ် ဆိုရင် ဒီပြိုင်ပွဲက ဘောလုံးပရိသတ်တွေကို ဆွဲဆောင်မှု အပြည့်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

ပြိုင်ပွဲပုံစံကို အကျယ်တ၀င့် ထုတ်ပြန်ကြေညာမှုကိုတော့ လာမယ့် ဇွန်နဲ့ ဇူလိုင်အတွင်းမှာ ဆောင်ရွက်သွားမယ်လို့သိရပြီး ပြိုင်ပွဲဝင် အသင်း ၂၄ သင်း ပါဝင်လာမယ်လို့သိရပါတယ်။

ဖီဖာအနေနဲ့လည်း ဒီပြိုင်ပွဲဟာ ကစားသမားတွေ၊နည်းပြတွေ၊ဒိုင်တွေ၊ပရိသတ်တွေ၊မီဒီယာတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် စိတ်လှုပ် ရှားမှု အပြည့်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဒါ့အပြင် ပြိုင်ပွဲကိုမူ ၂၀၂၁ ခုနှစ် နွေရာသီမှာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့သိရပြီး ကာတာနိုင်ငံရဲ့ ပုံမှန်ထက် ပူပြင်းတဲ့ နွေရာသီကြောင့်လည်း ပုံမှန်ကျင်းပနေတဲ့ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲပုံစံမျိုး မဟုတ်ဘူးလို့လည်း သိရပါတယ်။

Source- Mrace

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD