AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းဟာ တော့တင်ဟမ်အသင်း နောက်ခံလူ အယ်ဒါဝီရယ်အတွက် စပါးအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ အသက် (၂၉) နှစ်အရွယ် ဘယ်လ်ဂျီယံနောက်ခံလူဟာ စပါးအသင်းနဲ့ လာမယ့်ရာသီမှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု မရှိသေးတာ ဖြစ်ပါတယ်။

play

 

စပါးနည်းပြ ပိုချက်တီနိုကလည်း သူ့ရဲ့ နောက်ခံကစားသမားကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရရှိမယ်ဆိုရင် ရောင်းထုတ်ပြီးတော့ အသင်း အင်အားတောင့်တင်းအောင် အဆိုပါငွေကြေးနဲ့ တည်ဆောက်သွားမယ်လို့ သိရပါတယ်။ စပါးအသင်းကတော့ အယ်ဒါဝီရယ်အတွက် ပေါင်၇၅သန်း အလိုရှိနေပြီး အခြားကစားသမားတွေဖြစ်တဲ့ ဒန်နီရို့စ် နဲ့ ဒမ်ဘီလီတို့အတွက်လည်း ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။

play

 

စပါးကတော့ အေဂျက်ဇ်အသင်းရဲ့ ဆယ်ကျော်သက်နောက်ခံလူ ဒီလစ်ကို လေးနက်စွာ စိတ်ဝင်စားနေပြီး အခြားသော ဥရောပ အသင်းကြီးတွေနဲ့ အပြိုင် ကမ်းလှမ်းဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုက သူ့အသင်းနောက်တန်းရဲ့ အားနည်းမှုတွေကို ပြုပြင်ဖို့အတွက် ဗဟိုနောက်ခံကစားသမား တစ်ယောက်ကို အလိုရှိနေခဲ့တာ ဖြစ်ပါတယ်။

play

 

အယ်ဒါဝီရယ်အနေနဲ့ မန်ယူအသင်းကို ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင်တော့ အဲရစ်ဘိုင်ယီ၊ ဖီးလ်ဂျုံးစ် နဲ့ လင်ဒီလော့ဖ်တို့ရဲ့ အနာဂတ်ဟာ မေးခွန်းထုတ်စရာတွေ ဖြစ်လာနိုင်ပါတယ်။ မန်ယူအနေနဲ့ ညာအစွန်နောက်ခံလူတစ်ဦးကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေပြီး အက်သလက်တီကိုမှ ဗာဆယ်ကို၊ မိုနာကိုအသင်းမှ ဆီဒီဘီ နဲ့ အင်တာမီလန်အသင်းမှ ကန်ဆယ်လိုတို့ကို စိတ်ဝင်စားနေတယ်လို့လည်း သတင်းများက ဖော်ပြခဲ့ပါတယ်။

play

 

မနေ့က ထွက်ပေါ်ခဲ့တဲ့ သတင်းများအရဆိုရင်တော့ မော်ရင်ဟိုက အသင်းမှ ကစားသမားများနဲ့ တွေ့ဆုံခဲ့ပြီး အသင်းပြောင်းရွှေ့ချင်တဲ့ မည်သူမဆို အသင်းမှ ထွက်ခွာသွားနိုင်တယ်လို့ ပြောဆိုအသိပေးခဲ့ကြောင်း သိရပါတယ်။ မန်ယူကတော့ အယ်ဒါဝီရယ်အတွက် ပေါင်သန်း ၅၀အထိ ပေးချေဖို့သာ ဆန္ဒရှိနေကြောင်း သိရပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD