ယခုနှစ်ရာသီ အာဆင်နယ်ရဲ့ တတိယမြောက် ကစားသမား ခေါ်ယူမှု ဖြစ်လာပါတယ်။

ဒေါ့မွန်အသင်းရဲ့ နောက်ခံလူ ဆိုကရေးတီးကို ခေါ်ယူနိုင်ခဲ့ပြီလို့ အာဆင်နယ်အသင်းက တရားဝင် ကြေညာခဲ့ပါတယ်။


Photo - Daily Mail

 

ဂရိလက်ရွေးစင်အတစ်ယောက်ဖြစ်ပြီး အာဆင်နယ် နည်းပြသစ် အူနိုင်းရဲ့ နောက်ဆုံး ခေါ်ယူထားနိုင်တဲ့ ကစားသမားလည်း ဖြစ်လာ ပါတယ်။

Photo - Daily Mail

 

အာဆင်နယ်အသင်းအနေနဲ့ ဆိုကရေးတီးကို အေစီမီလန် ဝါဒါဘရီမင်တို့နဲ့အပြိုင် ကြိုးပမ်းပြီးမှ ခေါ်ယူနိုင်ခဲ့တာလို့ သိရပြီးပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်း ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

Photo - Daily Mail

 

မနေ့က တနင်္လာနေ့က အာဆင်နယ်အသင်းရဲ့ တရားဝင် လူမှုစာမျက်နှာထက်မှာ အာဆင်နယ်အသင်းရဲ့ ဂျာစီသစ်နဲ့ ကစားသမား မိတ်ဆက် ခဲ့တာကိုမြင်တွေ့ရမှာ ဖြစ်ပြီး ယခုနွေရာသီ အာဆင်နယ်ရဲ့ တတိယမြောက် ခေါ်ယူနိုင်မှုလည်း ဖြစ်ပါတယ်။

Photo - Daily Mail

 

အာဆင်နယ်အသင်း ကစားသမားသစ် ဆိုကရေးတီးက -" အရမ်းလှပတဲ့ အချိန်ပါပဲ၊ကျွန်တော် အရမ်းပျော်ပါတယ်။" လို့ ပြောသွားခဲ့ပါတယ်။

ယခုလို ဒေ့ါမွန်အသင်းကနေ အာဆင်နယ်အသင်းကို ရောက်လာတာကတော့ ၃ ယောက်မြောက် ကစားသမားလည်း ဖြစ်ခဲ့ပြီး ပထမဆုံး အာ ဆင်နယ်အသင်းကို ရောက်လာသူက အမ်ခီတာယန် ဖြစ်ပြီး နောက်တော့ အူဘာမီယန် ထပ်ရောက်လာခဲ့ပါတယ်။

ရာသီသစ်မှာတော့ အာဆင်နယ်အသင်းအနေနဲ့ နောက်ခံလူ အသစ်တွေနဲ့ ပွဲထွက်လာဖို့ရှိပြီး ၃၄ နှစ်အရွယ် လက်စတိန်နာနဲ့အတူ ဆိုကရေးတီး ကို တွဲမြင်ရဖို့ရှိနေပါတယ်။

အခြားတစ်ဦးကတော့ ဒီနှစ်မှာ လေဗာကူဆင်အသင်းက ခေါ်ယူထားတဲ့ ဂိုးသမား လီနိုကို ခေါ်ယူထားနိုင်ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က