အန်ဇွန်ဇီနဲ့ အာဆင်နယ်အသင်း နည်းပြအူနိုင်းတို့က ဆီဗီလာမှာ လက်တွဲခဲ့ဖူးသူတွေဖြစ်ပါတယ်။

အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့ ဆီဗီလာ ကစားသမား အန်ဇွန်ဇီက မိမိကိုယ်တိုင်လည်း အင်္ဂလန်ကို ပြန်လာဖို့ စိတ်ဝင်စားတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။



Photo - The Sun

 

လက်ရှိမှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား တာဝန်တွေ ထမ်းဆောင်နေတဲ့ အန်ဇွန်ဇီကို အာဆင်နယ်အသင်းက ယခုနှစ်ရာသီ ၄ ဦးမြောက် ခေါ်ယူမှု လုပ်ချင်နေတာလည်း ဖြစ်ပါတယ်။

Photo - The Sun

 

အဆိုပါ ၂၉ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူလိုပါက အာဆင်နယ်အသင်းအနေနဲ့ စာချုပ်လျော်ကြေးအရ ပေါင် ၃၅ သန်းလောက်သုံးရဖို့ ရှိနေပါတယ်။

အန်ဇွန်ဇီကို စီးရီးအေချန်ပီယံ ဂျူဗင်တပ်ကလည်း စိတ်ဝင်စားနေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရထားတာမို့ အာဆင်နယ်ထက် ပိုမို စိတ်ဝင်စားဖို့ ကောင်းနေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အန်ဇွန်ဇီက -" ကျွန်တော် အင်္ဂလန်ကို ပြန်လာကစားချင်ပါတယ်။ အာဆင်နယ်အသင်းရဲ့ စိတ်ဝင်စားမှုအပေါ်မှာလည်း ကျွန်တော့်အနေနဲ့ လက်တွဲဖို့ ဆန္ဒရှှိပါတယ်။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

အန်ဇွန်ဇီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ က ဆီဗီးလားနဲ့အတူ ယူရိုပါလိဂ် အောင်မြင်ခဲ့ပြီးနောက် အသင်းက ထွက်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း  လက်ရှိ ဆရာဟောင်း ကိုင်တွယ်နေတဲ့ အာဆငနယ်အသင်းကို ယခုနှစ်မှာတော့ ပြောင်းဖို့ ဆန္ဒ ပြင်းပြနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ ဆီဗီလာ နည်းပြ ဂျိုယာကွင်းကလည်း အန်ဇွန်ဇီကို အရံခုံမှာသာ နေရာပေးဖို့များနေတာကြောင့်လည်း အန်ဇွန်ဇီက ဆရာဟောင်းရှိတဲ့ အာဆင်နယ်ကို ထွက်ခွာချင်နေတာ ဖြစ်ပါတယ်။

အန်ဇွန်ဇီအနေနဲ့ လွန်ခဲ့တဲ့ ၃နှစ်က ပရီးမီးယားကလပ် စတုတ်စီးတီးအသင်းကနေ ဆီဗီးလားကို ပြောင်းခဲ့သူဖြစ်ပြီး ဘလက်ဘန်းအသင်းမှာ လည်း ကစားခဲံဖူးသူတစ်ဦးပါ။

Share

Loading Next Article...
က္က