၆ လခန့်သာ နေထိုင်ရသေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှ အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တောင်ပံ ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ သူ့ရဲ့ ပေါင် ၂ သန်းတန် စံအိမ်ကြီးကို ရောင်းချပြီး အိမ်အသစ်ရှာဖွေနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ်ဟာ အိမ်အသစ်ရှာဖွေနေတာသာဖြစ်ပြီး အသင်းသစ်ရှာဖွေနေတာမဟုတ်ဘူးလို့ သိရပါတယ်။

NINTCHDBPICT000418104327.jpg

မန်ချက်စတာမြို့ရဲ့တောင်ဘက် ၁၂ မိုင်အကွာ ဟေးဘန်းကျေးရွာမှာတည်ရှိတဲ့ အိပ်ခန်း ၆ ခန်းပါ အဖိုးတန်ဇိမ်ခံစံအိမ်ကြီးကို ဆန်းချက်ဇ်က ပေါင် ၂ သန်းခန့်နဲ့ ရောင်းချမယ်လို့ သိရပြီး ယင်းစံအိမ်ကြီးမှာ ၆ လခန့်သာနေထိုင်ရသေးပေမယ့် အလက်ဆစ်ဆန်းချက်ဇ်က နောက်ထပ်အိမ်သစ်တစ်လုံးကို ရှာဖွေနေတာဖြစ်ပါတယ်။

အိမ်အတွင်းပိုင်းမှာ အဆင့်မြင့်အိပ်ခန်း၊ ဧည့်တွေ့ခန်း၊ ဘား၊ ရုပ်ရှင်ရုံ၊ အားကစားခန်းမ၊ ကျယ်ဝန်းပြီး ခေတ်မီလှပတဲ့ မီးဖိုခန်း၊ ပီယာနိုခန်း၊ ပန်းချီပြခန်းတွေ ပါဝင်သလို အိမ်အပြင်ဘက်မှာလည်း ပန်းခြံ၊ ကလေးကစားကွင်းနဲ့ ကား ၃ စီးဝင်ဆံ့တဲ့ ကားဂိုဒေါင်ကြီးလည်းရှိတဲ့ စံအိမ်ကြီးကို အလက်ဆစ်ဆန်းချက်ဇ်က ရောင်းချဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဆန်းချက်ဇ်ရဲ့စံအိမ်ကြီးရဲ့ဝင်ပေါက်ကနေ ဝင်ဝင်ချင်းမှာ ပန်းချီပြခန်းကို ပထမဦးစွာ မြင်တွေ့ရမှာဖြစ်ပြီး ပန်းချီပြခန်းကို ကျော်ဖြတ်လိုက်မယ်ဆိုရင် ကြီးမားကျယ်ဝန်းတဲ့ မီးဖိုချောင်အခန်း၊ ဧည့်တွေ့ခန်းနဲ့ ထမင်းစားခန်းတို့ကို ရောက်ရှိမှာဖြစ်ပါတယ်။ ပထမထပ်မှာတော့ ဇိမ်ခံပစ္စည်းတွေပြည့်နှက်နေတဲ့ ၂ ယောက်အိပ်ခန်း ၃ ခန်းအထိ ရှိပြီး ဒုတိယထပ်မှာ ခေတ်မီရေချိုးခန်းနဲ့ ရုပ်ရှင်ရုံအပြင် နောက်ထပ် ၂ ယောက်အိပ်ခန်း ၃ ခန်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အလက်ဆစ်ဆန်းချက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးပုံစံ မပြသနိုင်ခဲ့ဘဲ ချီလီအသင်းကို ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် မစွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ်ဟာ လာမယ့်ပရီးမီးယားလိဂ်ရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အကောင်းဆုံးပုံစံပြသနိုင်အောင် လက်တွဲဖော်နဲ့အတူ အားကစားခန်းမမှာ လေ့ကျင့်နေတဲ့ပုံတွေကို လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

 

Share

Loading Next Article...
က္က