AD
AD
AD

ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်အဖြစ် မာရီဇီယိုဆာရီ နဲ့ ကစားသမားအဖြစ် ဂျော်ဂျင်ဟိုတို့ကို ခေါ်ယူနိုင်ခဲ့ပြီလို့ နာပိုလီအသင်း ဥက္ကဌ အော်ရယ်လီယိုဒီလော်ရန်တစ်စ်က အတည်ပြုပြောဆိုလိုက်ပြိ ဖြစ်ပါတယ်။ Stuff.co.nz ရဲ့ ဖော်ပြချက်အရ စတန်းဖို့စ်ဘရစ်ခ်ျကို ပြောင်းရွှေ့ ဖို့အတွက် နည်းပြနဲ့ကစားသမားဟာ သဘောတူညီမှု ရရှိခဲ့တာလို့ သိရပါတယ်။

play
Photo : Stuff.co.nz

 

အန်တိုနီယိုကွန်တီရဲ့ နေရာကို ဆက်ဆံသူအဖြစ် ဆာရီကို ခန့်အပ်ဖို့ ချယ်လ်ဆီးက ကာလရှည် ညှိနှိုငင်းခဲ့အပြီးမှာ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဆာရီ နဲ့ ဂျော်ဂျင်ဟိုတို့အတွက် ပေါင်သန်း (၅၀) နဲ့ အပိုဆုကြေး ပေါင်(၇)သန်း ပေးချေရမယ်လို့ သိရပြီး ဂျော်ဂျင်ဟိုကို ပစ်မှတ်ထားနေတဲ့ မန်စီးတီးကို နောက်ကောက်ချနိုင်ခဲ့ပါတယ်။

play
Photo : Stuff.co.nz

 

ဂျော်ဂျင်ဟိုအတွက် မန်စီးတီးနဲ့နာပိုလီတို့ဟာ ပြောင်းရွှေ့ကြေးသဘောတူညီချက် ရရှိပြီးမှ ကစားသမားက ချယ်လ်ဆီးကို ပြောင်းရွှေ့မယ့်အတွက် မန်စီးတီးက နာပိုလီကို ဒေါသထွက်နေခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက် လော်ရန်းတစ်က မန်စီးတီးကို ပြန်လည်တောင်းပန်မှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ ကစားသမားဟာ မန်ချက်စတာမှာ နေထိုင်ဖို့ထက် လန်ဒန်မှာ နေထိုင်ဖို့ ပိုပြီးတော့ အာသီသရှိနေတယ်လို့ လော်ရန်တစ်က ပြောကြားခဲ့ပါတယ်။

play
Photo : Stuff.co.nz

 

"ဆာရီက ချယ်လ်ဆီးကို ရောက်ရှိဖို့ နီးစပ်သွားပါပြီ၊ သူ့အပေါ်ပဲ မူတည်ပါတော့တယ်၊ နှစ်ဖက်ရှေ့နေတွေ ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်နေကြပါပြီ၊ ဂျော်ဂျင်ဟိုနဲ့ပတ်သက်ပြီး မန်စီးတီးကို တောင်းပန်ချင်ပါတယ်၊ ကစားသမားက မန်ချက်စတာထက်စာရင် လန်ဒန်ကို ပြောင်းရွှေ့ဖို့ ပိုပြီး ဆန္ဒရှိနေလို့ပါ၊ သူ့ရဲ့ အနေအထားကိုလည်း ကျွန်တော်နားလည်ပါတယ်" လို့ လော်ရန်တစ်က ပြောဆိုခဲ့ပါတယ်။

play
Photo : Stuff.co.nz

 

ဂျော်ဂျင်ဟိုကို ခေါ်ယူမှုမှာ ချယ်လ်ဆီးရဲ့ လက်ရှိနည်းပြ ကွန်တီရဲ့ သဘောထားတစ်စုံတစ်ရာ မပါဝင်ပဲ အသင်းက ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ ဆာရီဟာ ချယ်လ်ဆီးနည်းပြဖြစ်လာပါက ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့ ဆန္ဒရှိနေတာဖြစ်ပြီး ချယ်လ်ဆီးက နည်းပြနဲ့ ကစားသမားကို တစ်ပြိုင်တည်းခေါ်ယူမှု ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD