AD
AD
AD

လီဗာပူးလ်အသင်းဟာ စတုတ်စီးတီး ကစားသမား ရှာကွီရီကို စာချုပ်လျော်ကြေးအတိုင်း ပေးချေပြီး ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ESPN ရဲ့ ဖော်ပြချက်အရ ရှာကွီရီအတွက် စတုတ်စီးတီးကို ပေါင် ၁၃.၇၅သန်းအထိ လီဗာပူးလ်က ပေးချေပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ရှာကွီရီဟာ လီဗာပူးလ်နဲ့ ဆေးစစ်ဆေးမှုခံယူဖို့ အသင့်ဖြစ်နေပြီလို့လည်း သိရပါတယ်။

play
Photo : Goal.com

 

သောကြာနေ့ နံနက်ပိုင်းမှာ ရှာကွီရီဟာ လီဗာပူးလ်နဲ့ ဆေးစစ်မှုတွေ စတင်ခဲ့ပြီး ကြာသာပေးနေ့က ရှာကွီရီအတွက် လီဗာပူးလ်နဲ့ စတုတ်တို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ ရှာကွီရီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး လီဗာပူးလ်နဲ့စတုတ်စီးတီးတို့ဟာ ပြီးခဲ့တဲ့ အပတ်အတွင်းက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာလို့လည်း ESPN က ဖော်ပြခဲ့ပါတယ်။

play
Photo : The National

 

အသက် (၂၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရှာကွီရီဟာ လီဗာပူးလ်ကို တတိယမြောက်ရောက်ရှိလာတဲ့ ကစားသမားဖြစ်ပြီး သူ့အရင် ကစားသမား ခေါ်ယူမှုအဖြစ် ဖာဘင်ဟို နဲ့ ကီတာတို့ကို လီဗာပူးလ်က ခေါ်ယူပြီး ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်လည်း ရှာကွီရီကို စိတ်ဝင်စားနေခဲ့ပေမယ့် လီဗာပူးလ်က လက်ဦးမှု ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play
Photo : LFC Transfer Room

 

အမေရိကန်ရာသီကြို ခရီးစဉ်မှာ လီဗာပူးလ်နဲ့အတူ ရှာကွီရီဟာ ပါဝင်လာဖွယ်ရှိနေပြီး ဒေါ့မွန်၊ မန်စီးတီး၊ မန်ယူနိုက်တက်တို့ လီဗာပူးလ်ဟာ ICC ပွဲစဉ်များ ကစားရမှာလည်း ဖြစ်ပါတယ်။ ဆွစ်ဇာလန်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ရှုံးထွက် (၁၆)သင်းအဆင့် ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

play
Photo : Stokecityfc

 

ရှာကွီရီဟာ ကစားသမားဘ၀မှာ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်၊ စတုတ်စီးတီးတို့မှာ ကစားခဲ့ပြီး ၂၀၀၉ ခုနှစ်က စတင်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်းမှာ စတင်ကစားခဲ့သူ ဖြစ်ပါတယ်။ စတုတ်စီးတီးအတွက် ပြိုင်ပွဲစုံ (၉၂)ပွဲ ကစားပေးခဲ့ပြီး (၁၅) ဂိုး သွင်းယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD