AD
AD
AD

ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တေဟာ ချယ်ဆီးအသင်းရဲ့ဘုတ်အဖွဲ့ကို ၎င်းအနေနဲ့ ယခုနွေရာသီမှာ အသင်းကနေ အတင်းအကျပ် ထွက်ခွာမှာမဟုတ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းရဲ့အနာဂတ်ကို အသင်းကသာ ဆုံးဖြတ်ပေးဖို့ ပြောကြားခဲ့တယ်လို့ ပြင်သစ်ကလာတဲ့ သတင်းတွေကနေ သိရပါတယ်။

play
Photos: Metro

 

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကန်တေဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းရဲ့ကွင်းလယ်အသက်သွေးကြောအဖြစ် အံ့မခန်း စွမ်းဆောင်ပြနိုင်ခဲ့သူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ခံစစ်ကစားသမားတွေထဲကတစ်ဦးဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က လက်စတာစီးတီးအသင်းကနေ ချယ်ဆီးအသင်းကို ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကန်တေကို ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းက ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။

Le10 Sport ရဲ့ရေးသားချက်အရ ပြင်သစ်အသင်းရဲ့ကွင်းလယ်ကစားသမား ကန်တေဟာ ချယ်ဆီးအသင်းရဲ့ဆန္ဒကို ဆန့်ကျင်ပြီး အတင်းအကျပ်ပြောင်းရွှေ့သွားမှာမဟုတ်ဘဲ ပီအက်စ်ဂျီအသင်းရဲ့ကမ်းလှမ်းမှုကို ချယ်ဆီးအသင်းကသာ လက်ခံသင့်၊ လက်မခံသင့် ဆုံးဖြတ်ပေးဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

play
Photos: Metro

 

ချယ်ဆီးအသင်းဟာ ကန်တေအတွက် ပီအက်စ်ဂျီအသင်းက ကမ်းလှမ်းမှုအားလုံးကို ပယ်ချဖို့ အဆင်သင့်ပြင်ဆင်နေပြီး ကန်တေနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့လည်း ပြင်ဆင်နေပြီဖြစ်ပါတယ်။ မကြာမီရက်ပိုင်းအတွင်း ကန်တေကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးသွားမယ်လို့ သိရပြီး ချယ်ဆီးအသင်းဟာ ကန်တေကို တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းနဲ့ ကမ္ဘာပေါ်မှာ လစာအကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်လာစေမယ်လို့ သိရပါတယ်။

ကန်တေဟာ ချယ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးသူဖြစ်ပြီး လက်ရှိအချိန်အထိ ချယ်ဆီးအသင်းအတွက် ၆၉ ပွဲပါဝင်ကစားပေးထားပြီး ၂ ဂိုး သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD