AD
AD
AD

လီဗာပူးအသင်းရဲ့တောင်ပံကစားသမား ချန်ဘာလိန်ဟာ လာမယ့်ရာသီတစ်ခုလုံးကို လွဲချော်မှာဖြစ်ပြီး နည်းပြ ယာဂင်ကလော့ပ်က ၂၀၁၈-၂၀၁၉ ရာသီမှာ တစ်ပွဲတစ်လေ ပါဝင်ကစားပေးနိုင်မယ်ဆိုရင်တောင် လီဗာပူးအသင်းအတွက် အပိုဆုကြေးဖြစ်လာမှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

play

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချန်ဘာလိန်ဟာ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ အင်္ဂလန်အသင်းရဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဧပြီလက ရိုးမားအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် လွဲချော်ခဲ့သူဖြစ်ပါတယ်။ ချန်ဘာလိန်ဟာ ခွဲစိတ်ကုသမှု ခံယူပြီးနောက် ပြန်လည်သက်သာနေပြီဖြစ်ပြီး နည်းပြယာဂင်ကလော့ပ်က ချန်ဘာလိန်ဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမကစားမီ အသင်းဖော်တွေကို ၎င်းကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အတွက် ဒဏ်ရာဘယ်လောက်အထိ ပြင်းထန်တယ်ဆိုတာ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

play

 

"အခုအချိန်က လာမယ့်ရာသီတစ်ခုလုံး ချန်ဘာလိန်ဟာ ဒဏ်ရာပြန်လည်သက်သာလာဖို့အတွက်ပဲ အာရုံစိုက်ရလိမ့်မယ်ဆိုတဲ့အကြောင်းကို ပြောပြသင့်တဲ့အချိန်လို့ ခံစားရပါတယ်"

"သူ ဒဏ်ရာရရှိခဲ့တာရော၊ ခွဲစိတ်ကုသမှုအောင်မြင်ခဲ့တာရော ကျွန်တော်တို့အားလုံး ကောင်းကောင်းသိကြမယ်ဆိုတာ သေချာပါတယ်။ အခု ဒီသတင်းကို အားလုံး တာဝန်သိစိတ်အပြည့်နဲ့ တုံ့ပြန်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"သူ့ဒဏ်ရာကတော့ ဘာမှ ပြောင်းလဲမှုမရှိဘူး။ ပြန်လာနိုင်ဖို့လည်း မရှိသေးပါဘူး။ ကျွန်တော်တို့ သူ့ ဒဏ်ရာသက်သာဖို့ အချိန်ဇယားဆွဲထားတဲ့အတိုင်း မျှော်လင့်ထားတဲ့အချိန်ကာလအထိ ကျိန်းသေအနားယူရမှာပါ။ ဒီသတင်းစကားအသစ်က ကျွန်တော်တို့ အခု လူသိရှင်ကြား အသေးစိတ်ပြောကြားပေးတာပါ"

"အဲဒါက ချန်ဘာလိန်ရဲ့ သဘောအရပါ။ သူက ရာသီကုန်ကို သူ့ရဲ့သတင်းတွေက အရိပ်လိုလွှမ်းမိုးမှာကို မလိုချင်ခဲ့ပါဘူး။ အရိုးသားဆုံးပြောရမယ်ဆိုရင် ကျွန်တော်တို့လည်း စောင့်ဆိုင်းနိုင်ပြီး လူတွေကို သင့်တော်တဲ့အချိန်ကျမှ ပြောမယ်လို့ တွေးခဲ့တာပါ"

"သူ့ရဲ့ ခွဲစိတ်ကုသမှုက ရိုးမားအသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်ကန်တဲ့နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အပြည့်အဝအောင်မြင်မှုရခဲ့ပါတယ်။ သူ ပြန်လည်ကုစားနေမှုကလည်း အရမ်းကို ကောင်းမွန်စွာနဲ့ စတင်ခဲ့ပါတယ်"

"အမှန်တရားတစ်ခုက ဘာလဲဆိုတော့ ကျွန်တော်တို့ လာမယ့်ရာသီမှာ ပြိုင်ဆိုင်မှုတွေပြင်းထန်တဲ့ ပွဲစဉ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေချိန်မှာ သူကျွန်တော်တို့နဲ့ ကွင်းထဲမှာ အတူရှိမနေနိုင်ဘူးဆိုတာပါပဲ"

"တကယ်လို့ လာမယ့်ရာသီမှာ သူ့ကို ပြန်မြင်ရမယ်ဆိုရင် အဲဒါဟာ အသင်းအတွက် အပိုဆုကြေးပါပဲ"

"ပွဲကစားဖို့အတွက် ကျွန်တော်တို့ဆီ သူပြန်လာမယ့်အချိန်ကို မစောင့်နိုင်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို စောင့်မှာပါ။ ဥရောပဘောလုံးလောကမှာ အထူးချွန်ဆုံးကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပြီး သူ ထွက်ခွာခဲ့တဲ့နေရာကို သူ ပြန်လာပြီး ဆက်လက်လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ သေချာတဲ့အထိ ကျွန်တော်တို့ စိတ်ရှည်သည်းခံမှုကို ပြသဖို့ လိုအပ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD