ပြင်သစ်အသင်းနဲ့တုန်းကလို ထပ်လုပ်ပြဖို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်နိုင်ခဲ့တဲ့ ပေါ့ဂ်ဘာကို ချီးကျူးလိုက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကိုလည်း ပရီးမီးယားလိဂ်မှာ ပြင်သစ်အသင်းလိုမျိုး အောင်မြင်မှုရရှိအောင် ဦးဆောင်ပြဖို့ စိန်ခေါ်လိုက်တာဖြစ်ပါတယ်။

France-v-Croatia-2018-FIFA-World-Cup-Russia-Final.jpg

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးပုံစံနဲ့ ကစားပြနိုင်ခဲ့သူဖြစ်ပြီး အသင်းရဲ့အဓိကကစားသမားအဖြစ် သက်သေပြသနိုင်ခဲ့သူဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ခရိုအေးရှားအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ရဲ့ တတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး မန်ယူနည်းပြမော်ရင်ဟိုက ပေါ့ဂ်ဘာရဲ့ကမ္ဘာ့ဖလားစွမ်းဆောင်ရည်ကတော့ လုံးဝကို ကောင်းမွန်လွန်းတယ်လို့ ချီးကျူးခဲ့ပါတယ်။

"ကမ္ဘာ့ဖလားကို ရရှိဖို့ကတော့ အပေါင်းလက္ခဏာဆောင်တဲ့အရာတစ်ခုတည်းပဲရှိပါတယ်"

"ကမ္ဘာ့ဖလားကို ရရှိတာဟာ ကစားသမားဘဝအတွက် မကောင်းမွန်ဘူးလို့ ပြောရမှာ ခက်ခဲပါတယ်။ အရမ်းကို အံ့အားသင့်စရာပါပဲ။ ထူးခြားဆန်းကြယ်လွန်းပါတယ်"

"ကစားသမားကောင်းအများစုဟာ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့အတွက် အခွင့်အရေးဘယ်တုန်းကမှ မရရှိခဲ့ကြပါဘူး။ ဒါမှမဟုတ် သူတို့ရဲ့နိုင်ငံအသင်းက သိပ်ပြီး မတောင့်တင်းလို့ဖြစ်မှာပါ"

"ပေါ့ဂ်ဘာအတွက်ကတော့ ကျွန်တော်ထင်တယ်။ ဒါက သူ့ရဲ့ပထမဆုံး သွားပြိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲထင်တယ်။ တစ်ခါတည်းနဲ့ ချန်ပီယံဖြစ်ဖို့ကတော့ ထူးခြားဆန်းကြယ်မှသာ ဖြစ်ပါလိမ့်မယ်"

"လိုရစ်ကို ခဏဖယ်ထားလိုက်ရင် သူတို့အသင်းဟာ လူငယ်အသင်းတစ်သင်းပါ။ သူတို့တွေ နောက်ထပ် ယူရိုပြိုင်ပွဲတွေ၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ ရှိလာဦးမှာပါ။ အဲဒီတော့ ပြင်သစ်အသင်းမှာ ပေါ့ဂ်ဘာရဲ့အနာဂတ်က တော်တော်လေးတောက်ပလာဦးမယ်လို့ ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

 

ပေါ့ဂ်ဘာနဲ့ နည်းပြမော်ရင်ဟိုတို့ဟာ ဆက်ဆံရေးမပြေမလည်ဖြစ်နေကြတဲ့သူတွေလို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး ဂျူဗင်တပ်အသင်းကလည်း ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကတော့ အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူထားတဲ့ ပေါ့ဂ်ဘာကို ဘယ်ကိုမှ မသွားစေချင်ဘူးလို့ သိရပါတယ်။

နည်းပြ မော်ရင်ဟိုဟာ ပြင်သစ်လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ပေါ့ဂ်ဘာကို နိုင်ငံအသင်းမှာ ကစားခဲ့တုန်းကလို တူညီတဲ့အရည်အသွေးနဲ့ လုပ်ဆောင်ချက်တွေအတိုင်း ကလပ်အသင်းမှာလည်း လုပ်ပြဖို့ စိန်ခေါ်ခဲ့ပါတယ်။

"သူဘာလို့ အရမ်းကောင်းနေလဲဆိုတာ သူ သိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြင်သစ်အသင်းမှာ ပြသခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်အဆင့်အတန်းနဲ့ သူ့ရဲ့ ဖြန့်ကျက်နိုင်စွမ်းက အဓိကအချက်ပဲ"

"အဲဒါ သူ ဘာကြောင့် ပြိုင်ပွဲရဲ့ဒုတိယပိုင်းလောက်မှာ အရမ်းကောင်းမွန်ခဲ့လဲဆိုတာ နားလည်ဖို့အတွက်ပဲ။ ဗိုလ်လုပွဲမှာ သူအရမ်း ကောင်းမွန်လွန်းခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က