AD
AD
AD

လီဗာပူးလ်အသင်းဟာ ရိုးမားဂိုးသမား အယ်လစ်ဆန်ကို ယူရို ၇၂.၅သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပြောင်းရွှေ့ကြေးကြောင့် အယ်လစ်ဆန်ဟာ ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ အယ်လစ်ဆန်ကို ရရှိဖို့ လီဗာပူးလ်အသင်းဟာ များပြားလှတဲ့ ငွေကြေးကို သုံးစွဲခဲ့ရတာလည်း ဖြစ်ပါတယ်။

play
Photo : The Independent

 

၂၀၀၁ ခုနှစ်က ဂျူဗင်တပ်စ်အသင်းဟာ ဘူဖွန်ကို ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးအဖြစ် ယူရို၅၃သန်း ပေးခဲ့ရပြီး ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရိုးမားအတွက် စီးရီးအေပွဲပေါင်း (၃၇)ပွဲအထိ ကစားပေးခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့သူလည်း ဖြစ်ပါတယ်။

play
Photo : UCL

 

ဆီမီးဖိုင်နယ်မှာ လီဗာပူးလ်နဲ့ရိုးမားတို့ ရင်ဆိုင်တွေ့ခဲ့ရပြီး ရိုးမားအသင်း ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။ အယ်လစ်ဆန်ရဲ့ လက်စွမ်းကို ကောင်းကောင်းအကဲခတ်ခွင့် ရရှိခဲ့ပြီးနောက်မှာ လီဗာပူးလ်နည်းပြကြီး ယာဂင်ကလော့ပ်ဟာ အသင်းရဲ့ အားနည်းနေတဲ့ ဂိုးသမားနေရာအတွက် အယ်လစ်ဆန်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး အရခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

play
Photo : DNA India

 

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မမှားသင့်တဲ့ အမှားတွေ ကျူးလွန်ခဲ့မိတဲ့ ကာရီယပ်စ် နဲ့ လက်စွမ်းမတည်ငြိမ်တဲ့ မစ်ဂ်နိုလက်တို့အပေါ် စိတ်တိုင်းမကျဖြစ်ခဲ့တဲ့ ကလော့ပ်အတွက် မှန်ကန်တဲ့ ခေါ်ယူမှု တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ လီဗာပူးလ်နဲ့ အပြိုင် ချယ်လ်ဆီးကလည်း အယ်လစ်ဆန်ကို ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားရဲ့ ဆန္ဒက အန်ဖီးလ်ကိုသာ ရည်ရွယ်နေခဲ့တာ ဖြစ်ပါတယ်။

play
Photo : CBS Sport

 

"အရမ်းကို ပျော်ရွှင်မိပါတယ်၊ အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့ပြီး ဒီအသင်းရဲ့ ဂျာစီကို ၀တ်ဆင်ခွင့်ရတော့မှာ ဖြစ်တာမို့ ဂုဏ်ယူမိပါတယ်၊ ကျွန်တော့်ရဲ့ ကစားသမားဘ၀အတွက် နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်" လို့ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တဲ့ အယ်လစ်ဆန်က ဖွင့်ဟခဲ့ပါတယ်။

play
Photo : Rousing the Kop

အသက် (၂၅)နှစ်အရွယ် ဘရာဇီးဂိုးသမား အယ်လစ်ဆန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အထိ ဘရာဇီးလ်အသင်းနဲ့အတူ ရောက်ရှိခဲ့ပါတယ်။ လီဗာပူးလ်မှာတော့ အယ်လစ်ဆန်ဟာ ဘရာဇီးလ်အသင်းဖော် ဖာမီနို နဲ့ ပြန်လည်တွေ့ဆုံရမှာ ဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကာလမှာ ဖာမီနိုက အယ်လစ်ဆန်ကို အန်ဖီးလ်မှာ လာကစားဖို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD