ပြင်သစ်မီဒီယာများက ဖော်ပြခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကို ပေါင်သန်း (၁၇၀)နဲ့ ရီးရဲလ်မက်ဒရစ်ကို ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ Metor သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ပြင်သစ်မီဒီယာများရဲ့ ဖော်ပြချက်ကို Metro က ကိုးကားပြီး ပြန်လည်ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

Photo : Metro

 

ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေစဉ် ကာလအတွင်းမှာ ဟာဇက်ဟာ အသင်းပြောင်းရွှေ့ဖွယ်ရှိတဲ့ စကားတချို့ကို ပြောဆိုခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့နိုင်တယ်လို့ အရိပ်အမြွက်ဖော်ပြခဲ့ပါတယ်။ အသက် (၂၇)နှစ်အရွယ် ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသေးသူ ဖြစ်ပါတယ်။

 

Le10Sport ရဲ့ ဖော်ပြချက်အရ ရီးရဲလ်ဟာ ဟာဇက်ကို ဒီတစ်ပတ်အတွင်းမှာ ခေါ်ယူနိုင်ဖို့အတွက် အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့ပြီး သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပြီး၊ ပထမအဆင့်အနေနဲ့ ပေါင်သန်း (၁၇၀)နဲ့ ခေါ်ယူဖို့ သဘောတူညီချက်ရယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိအချိန်မှာ ဟာဇက်ရဲ့ ဖခင်ဖြစ်သူနဲ့ ဆွေးနွေးနေတယ်လို့လည်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Photo : Metro

 

Gianluca Di Marzio ကလည်း ကြာသာပတေးနေ့ ညနေပိုင်းက ဟာဇက်ရဲ့ ရှေ့နေ့၊ ဖခင် နဲ့ ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူများ တွေ့ဆုံခဲ့တယ်လို့ အခိုင်အမာ ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဟာဇက်ရဲ့ နိုင်ငံနဲ့ကလပ်အသင်းဖော် ဂိုးသမား ကော်တွိုက်စ်ကိုလည်း ဃေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ကော်တွိုက်စ်ကတော့ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း (၁၂)လသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

Photo : Metro

 

ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးပြီးနောက်မှာ ဟာဇက်၊ ဝီလီယံ နဲ့ ကော်တွိုက်စ် အရှိတဲ့ အဓိက ကစားသမားများဟာ သူတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။ ဝီလီယံကလည်း အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးကို အပြောင်းအလဲများစွာနဲ့ မြင်တွေ့ရဖွယ် ရှိနေပါတယ်။

Photo : Metro

 

လက်ရှိမှာလည်း နည်းပြကွန်တီကို လျော်ကြေးပေးထုတ်ပယ်ခဲ့ပြီး နာပိုလီနည်းပြဟောင်း ဆာရီ နဲ့ နာပိုလီကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့ကို ချယ်လ်ဆီးက ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဟာဇက်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အပြင် ဘာစီလိုနာကလည်း စိတ်ဝင်စားနေခဲ့ပေမယ့် ကစားသမားကတော့ ရီးရဲလ်မက်ဒရစ်ကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က