AD
AD
AD

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာက နာပိုလီအသင်းရဲ့ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ တကယ်လို့ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ချင်ပေမယ့် မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဂျော်ဂျင်ဟို အမှားပြုလုပ်မိတာဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

play

ဂျော်ဂျင်ဟိုဟာ မန်ချက်စတာစီးတီးအသင်းကိုသာ ပြောင်းရွှေ့လိမ့်မယ်လို့ အားလုံးက ယုံကြည်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ နာပိုလီနည်းပြဟောင်း ဆာရီနဲ့ ပြန်လည်ပေါင်းစည်းဖို့အတွက် ချယ်ဆီးအသင်းကိုသာ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။ ကြားသိရတဲ့သတင်းတွေအရ မန်ချက်စတာစီးတီးအသင်းဟာ ဂျော်ဂျင်ဟိုရဲ့အပြောင်းအရွှေ့မှာ နာပိုလီအသင်းက ချယ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ဖိအားပေးခဲ့တယ်လို့ ခံစားနေရပြီး နာပိုလီအသင်းကို ဒေါသထွက်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာက နွေရာသီထိပ်တန်းကွင်းလယ်ပစ်မှတ်ကို ဆုံးရှုံးခဲ့ရပေမယ့် ဂျော်ဂျင်ဟိုကို အင်္ဂလန်မှာ အဆင်ပြေပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

play

 

"ဟင့်အင်း။ ကျွန်တော် စိတ်မပျက်ပါဘူး"

"ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် နောက်ဆုံး ကစားသမားတွေအတွက် ကျွန်တော့်ရဲ့အကြံပေးစကားအားလုံးကတော့ သူတို့သွားချင်တဲ့နေရာကို သူတို့ သွားဖို့ပါပဲ"

"ဂျော်ဂျင်ဟိုအနေနဲ့လည်း သူ မူရီဇီယိုနဲ့ ချယ်ဆီးအသင်းဆီ သွားချင်ပေမယ့် ကျွန်တော်တို့ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့အတွက်ရော၊ ကျွန်တော်တို့အတွက်ပါ အမှားလုပ်မိတာဖြစ်သွားပါလိမ့်မယ်"

"အဲဒါက အရမ်းအရေးကြီးပါတယ်။ အင်္ဂလိပ်ဘောလုံးလောကဟာ ထူးခြားတဲ့ကစားသမားတစ်ဦးကို ရရှိခဲ့တာပါ။ အဆုံးမှာတော့ သူတို့ကိုယ်တိုင်လာချင်နေလို့ သူတို့ လာတာ ပိုကောင်းပါတယ်"

"သူ ချယ်ဆီးကို သွားဖို့ ရွေးချယ်ခဲ့တာဟာ ရှင်းပြစရာအကြောင်းအရင်း ရှိမှာပါ။ ဒါမှမဟုတ် သူ ရှင်းပြပါလိမ့်မယ်။ သူ့အတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD