AD
AD
AD

အသင်းမှာ အဓိက ကစားသမားတွေလိုကစားနေတဲ့ ကစားသမားအများစု ပါဝင်လာပြီး၊ ထပ်မံ ခေါ်ယူလိုတဲ့ သူတွေက တောင်ပံ တိုက်စစ် သမားနဲ့ ဘယ်နောက်ခံလူ လို့ သိရပါတယ်။

play

 

အာဆင်နယ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ အူနိုင်းအမ်မရီက ရာသီကြို လူဝယ်ရာသီမှာ ကစားသမားအများအပြားကို ခေါ်ယူနေသူလည်း ဖြစ်ပါတယ်။

 

လက်ရှိအချိန်ထိ အသင်းကတစ်ဦးတစ်ယောက်မျှ ရောင်းချရခြင်း မရှိသေးပဲ ၀ီးလ်ရှိုင်းယားတစ်ဦးတည်းသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ၀က်စ် ဟမ်းကို ထွက်ခွာထားပါတယ်။

play

 

ဒီအခြေအနေမှာ အမ်မရီအနေနဲ့ ဥရုဂွေးနဲ့ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ လူးကပ်စ်တိုရဲရား၊ဆိုကရေးတီး၊ဂိုးသမား လီနို၊စတီဖင် လက်ခ်ျစတိန်နဲ့ မာတီအို တို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမ်မရီအနေနဲ့ နောက်ထပ် ကစားသမား ၂ ဦးလောက်ကို ရာသီမစခင် ခေါ်ယူချင်နေသေးတယ်လို့လည်း သတင်းထွက်ပေါ် လာနေပါတယ်။

ဒီလို ကစားသမားသစ် ၂ ဦးကို ၀ယ်ယူဖို့အတွက်တော့ အမ်မရီ့မှာ ငွေအလုံအလောက်မရှိတော့ပါဘူး။ဒါကြောင့် အသင်းမှာရှိနေတဲ့ ကစားသ မား ၇ ဦးကိုရောင်းထုတ်ပြီး  ငွေရှာမယ်လို့လည်း တစ်ဆက်တည်း သတင်းထွက်ပေါ်လာပါတယ်။

play

 

အမ်မရီ ရောင်းချသွားမယ့် ကစားသမားစာရင်းထဲမှာတော့ မူစတာဖီ၊မွန်နရယ်၊ပီတာချက်၊အော့စပီနာ၊၀ဲလ်ဘတ်၊လူးကပ်စ်ပီရက်စ်၊နဲ့ ကားလ် ဂျက်ကင်ဆန်တို့ ပါဝင်နေတယ်လို့ သိရပါတယ်။

ဒီထဲမှာ ပါဝင်နေတဲ့ မူစတာဖီကို အာဆင်နယ်အသင်းက လွန်ခဲ့တဲ့ ၂ နှစ်က ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ခေါ်ယူထားတာ ဖြစ်ပြီး ခြေစွမ်း ပိုင်းအရတော့ နှစ်လိုဖွယ် အားမကောင်း ဖြစ်နေပါတယ်။

၎င်းနေရာမှာ ဆိုကရေးတီး ရောက်လာချိန်မှာတော့ အမ်မရီက ရောင်းထုတ်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပြီး ဘယ်နောက်ခံလူ မွန်နရယ်လည်း ထို နည်းလည်းကောင်း ရီးရဲ ဆိုစီဒက်က ခေါ်ယူမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အသက် ၃၂ နှစ်အရွယ် မွန်နယ်ရယ်နဲ့ အာဆင်နယ်ကြား စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာ ဖြစ်သလို လေဗာကူဆင် ဂိုးသမား လီနို ရောက်လာလို့လည်း အသက်အရွယ်ပိုင်းအရ အကျပိုင်းရောက်နေတဲ့ ပီတာချက်ကို ရောင်းထုတ်ဖို့ စာရင်းထဲ ထည့်သွင်းလာပြန်ပါတယ်။

ပီတာချက်တင်မကသေးပဲ အော့စပီနာကိုပါ ဘီဆစ်တပ် အသင်းထံ ရောင်းဖို့ လုပ်နေပြီး ပီတာချက်ကတော့ အသင်းဟောင်း ချဲလ်ဆီးကို ပြန် သွားမယ်လို့ သတင်းထွက်နေပါတယ်။

တိုက်စစ်မှူး ၀ဲလ်ဘတ်ကတော့ မန်ယူက ပြောင်းလာကတည်းက ဒဏ်ရာ အကင်းမသေပဲ အသင်းအတွက် ကောင်းကောင်း မကစားပေးနိုင်ပဲ ဖြစ်နေခဲ့ကာ အခုတော့ အဲဗာတန်အသင်းက အလိုရှိနေပါတယ်။

နောက်ထပ် ၂ ဦးဖြစ်တဲ့ လူးကပ်စ်နဲ့ ဂျက်ကင်ဆန်တို့ကိုလည်း အမ်မရီက ရောင်းထုတ်ချင်နေပြီး ပြန်လိုချင်တဲ့ ကစားသမား ၂ ဦးကတော့ တောင်ပံ တိုက်စစ်အားသန်ကစားသမားတစ်ဦးနဲ့ ဘယ်နောက်ခံလူ ကောင်းကောင်းတစ်ဦးလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD