AD
AD
AD

ရာသီကြိုခြေစမ်းပွဲများ ကစားရန် အမေရိကသို့ ရောက်ရှိနေသော မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့ မနက်မှာ ပထမဆုံးသော ခြေစမ်းပွဲအဖြစ် မက္ကဆီကိုကလပ် ကလပ်အမေရိကနဲ့ ကစားခဲ့ရာမှာ တစ်ဖက်တစ်ဂိုးစီ သရေပွဲနဲ့ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။ ကလပ် အမေရိကအသင်းက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ယူနိုက်တက်က ချေပဂိုး ပြန်လည်သွင်းခဲ့တာ ဖြစ်ပါတယ်။

play
Photo : Man Utd Facebook

 

မန်ချက်စတာယူနိုက်တက်အသင်းမှာ ဂိုးသမားအဖြစ် လီဂရန့်၊ နောက်တန်းမှာ ဗလင်စီယာ၊ ဘိုင်ယီ၊ စမောလင်း၊ လုခ်ရှော၊ အလယ်တန်းမှာ ဟာရဲရား၊ မက်တော်မီနေး၊ ပါရဲရား၊ မာတာ၊ မစ်ချဲလ်တို့ ပါဝင်ခဲ့ပြီး အန်သိုနီမာရှယ်ကတော့ တိုက်စစ်မှူးအဖြစ် ပါဝင်ကစားခဲ့ပါတယ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ကစားခဲ့တဲ့ ကစားသမား (၁၂)ဦး ပါဝင်လာခဲ့ခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။

play
Photo : Man Utd Facebook

 

လူငယ်ကစားသမားတွေနဲ့ စီနီယာကစားသမားတွေကို တွဲဖက်ပြီး ပွဲထုတ်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ကစားပုံက သိပ်အကောင်းကြီးမဟုတ်ခဲ့ပဲ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ လူငယ်ကစားတွေဖြစ်တဲ့ တာဟစ်ချောင်၊ ဂရင်းဝုဒ်တို့ ပါဝင်လာခဲ့ပြီး လူငယ်တွေရဲ့ ကစားအားကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ ကစားကွက်က မြိုင်ဆိုင်လာခဲ့ပါတယ်။

play
Photo : Man Utd Facebook

 

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်း (၅၉)မိနစ်မှာ ကလပ်အမေရိကအသင်းက တိုက်စစ်မှူးမာတင် အဖွင့်ဂိုးသွင်းယူပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမေယ့်လည်း (၇၈)မိနစ်မှာ လူငယ်ကစားသမားလေး တာဟစ်ချောင်ရဲ့ ဖန်တီးပေးပို့မှုကတဆင့် ဟာရဲရားခေါင်း တိုက်သွင်းယူရာက ပြန်အံထွက်လာတဲ့ဘောလုံးကို မာတာက အပိုင်ကန်သွင်းယူခဲ့လို့ ချေပဂိုး ရရှိခဲ့ပါတယ်။

play
Photo : Man Utd Facebook

 

ဒီနေ့ပွဲအတွက် အကောင်းဆုံးကစားသမားဆုကို မာတာက ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ (၂၃)ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်ဟာ နောက်ထပ်ပွဲစဉ်အဖြစ် ဘိုလီဗီးယားကလပ် ဆန်ဟိုဆေးအသင်းနဲ့ ကစားမှာဖြစ်ပြီး ICC ပြိုင်ပွဲအဖြစ် အေစီမီလန်၊ လီဗာပူးလ်၊ ရီးရဲလ်တို့နဲ့ ဇူလိုင်လ (၂၆၊ ၂၈) နဲ့ သြဂုတ် (၁)ရက်နေ့များမှာ ကစားသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD