မန်ယူအသင်းကို ဒဏ်ရာကြောင့် အသိစိတ်နဲ့ စွန့်ခွာပေးခဲ့ရပေမယ့် အကောင်းဆုံးပုံစံနဲ့ ပြန်ပေးဆပ်ချင်နေတာပါ။

မန်ယူမှာ ရှိစဉ် ပရီးမီးယားလိဂ်ရဲ့ လုပ်ခအမြင့်ဆုံး ကစားသမားအဖြစ် တစ်ပတ်လုပ်ခ ပေါင်၃၆၇၆၀၄ အထိ ရရှိထားခဲ့သူ ဖြစ်ပါတယ်။

Photo - Daily Mail

 

မန်ယူကစားသမားဟောင်း အီဘရာဟီ မိုဗစ်က မန်ယူအသင်းအတွက် ပြန်ကစားပေးလိုပြီး လုပ်ခလစာ ပေးစရာ မလိုဘူးလို့ ထုတ်ဖော်ပြောဆို လာခဲ့ပါတယ်။

အမေရိကန်သွားမယ့်လူစာရင်းမှာ ဆန်းချက်ကို မန်ယူချန်လှပ်ပြီးမှ ဘာကြောင့် လှမ်းခေါ်ရတာလဲ 

၂၀၁၇ ခုနှစ် ဧပြီလက ကစားခဲ့တဲ့ အန်ဒါလက်ချ်နဲ့ ယူရိုပါလိဂ်ပွဲမှာ ညာဖက် ခြေသလုံး ဒဏ်ရာရခဲ့ပြီးနောက် ကာလရှည်အနားယူနေရကာ မန်ယူကနေ မထွက်ခွာခင်မှာ ၇ ပွဲသာ အသင်းအတွက် ပွဲထွက်ပေးနိုင်ခဲ့ပါတယ်။

Photo - Daily Mail

 

လက်ရှိမှာ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဗစ်က နည်းပြ မော်ရင်ဟိုကို ဒဏ်ရာကနေ ပြန်လည်သက်သာနေပြီဖြစ်ပေမယ့်လည်း သူ့ကို မရွေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပြီး တစ်ချိန်မှာ မန်ယူအတွက် လုပ်ခလစာ မယူပဲ ပြန်ကစားပေးမယ်လို့ ဆိုထားပါတယ်။

မိုဗစ်က မန်ယူမှာ ကစားစဉ် ပရီးမီးယားလိဂ် ကြေးအမြင့်ဆုံးကစားသမားတစ်ဦးဖြစ်ခဲ့ပြီးတစ်ပတ်လုပ်ခ ပေါင် ၃၆၇၆၀၄ အထိ ရရှိခဲ့သူ ဖြစ်ပါ တယ်။ဒါ့အပြင် ဂိုးသွင်းယူနိုင်တိုင်းလည်း အပိုဆုကြေး ရရှိမယ့် သဘောတူညီမှု ရရှိခဲ့လို့ အဆိုပါ ပထမနှစ်မှာ ၎င်းရဲ့ဝင်ငွေကပေါင် ၂.၈၆ သန်း အထိ ရှိခဲ့ပါတယ်။

Photo - Daily Mail

လက်ရှိမှာတော့ ဂလက်ဆီအသင်းမှာ တစ်နှစ် ပေါင် ၈၅၀၀၀၀ နဲ့ ကစားနေသူ ဖြစ်ပြီး လက်ရှိအခြေအနေက ပိုက်ဆံ အတွက်မဟုတ်ဘူး၊အဲ့ဒါရဲ့ ဆန့်ကျင်ဖက် တစ်ပြားမှ မယူပါဘူး။" လို့ မိုဗစ်က ပြောခဲ့ပါတယ်။

"ကျွန်တော် အဆင်သင့်ပြန်ဖြစ်တဲ့အချိန် မန်ယူမှာမရှိတော့ဘူး။ကျွန်တော် ဒဏ်ရာကနေ ရုန်းကန်ထလာတော့ နည်းပြကိုပြောတယ်၊ ကျွန်တော် အဆင်သင့်မဖြစ်သေးဘူး၊ ငါမင်းကို စိတ်မပျက်စေချင်းဘူး၊င့ါနေရာမှာ အခြားပိုကောင်းအောင် စွမ်းဆောင်နိုင်သူကို ရွေးပါလို့ ပြောခဲ့တယ်။" လို့ မိုဗစ်က ထုတ်ဖော်ပြောလာခဲ့ပါတယ်။

လက်ရှိမှာတော့ ဂလက်ဆီအသင်းအတွက် ၁၄ ပွဲကစားပြီး ၁၁ ဂိုးသွင်းယူပေးထားနိုင်ကာ ပထမဆုံးဂိုးကိုတော့ အိန်ဂျယ်အသင်းနဲ့ ပွဲမှာ လူစား ဝင်လာပြီး ၃၅ ကိုက်အကွာကနေ ကန်သွင်းပြီး ရယူပြထားတာ ဖြစ်ပါတယ်။

မိုဗစ်အနေနဲ့ မန်ယူမှာ လုပ်ခလစာ မယူပဲ လာပြန်ကစားပေးမယ်လို့ ဆိုလာတဲ့အပေါ်မှာ မန်ယူအသင်းကရော အသင်းအတွက် ပြန်လည်အသုံး ချသွားမလား စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Share

Loading Next Article...
က္က