AD
AD
AD

တော့တင်ဟမ်ဟော့စပါးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဗဟိုခံစစ်ကစားသမား တိုဘီအယ်ဒါဝီလ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၇၅ သန်းသတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အားနည်းချက်တွေရှိနေတဲ့ ခံစစ်ကို တောင့်တင်းအောင် ပြင်ဆင်ဖို့ ကြိုးပမ်းနေတာဖြစ်ပီး စပါးအသင်းက အယ်ဒါဝီလ်ကို ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

play
Photos: Express

 

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုဘီအန်ဒါဝီလ်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းက စာချုပ်ထဲမှာ ပါရှိတဲ့ တစ်နှစ်သက်တမ်းတိုးခွင့်အရ လာမယ့် နွေရာသီအထိ အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။

The Sun ရဲ့သတင်းအရ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ဥက္ကဌလီဗိုင်းနဲ့ မန်ယူအသင်းရဲ့အမှုဆောင်ဒုဥက္ကဌအက်ဒ်ဝုဒ်ဝဒ်တို့ဟာ ပြီးခဲ့တဲ့အပတ်က အယ်ဒါဝီလ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ အယ်ဒါဝီလ်ကို ခေါ်ယူဖို့ မအောင်မြင်ခဲ့ရင် ပီအက်စ်ဂျီအသင်းရဲ့နောက်ခံကစားသမား မာကွင်ဟို့စ်ကို ခေါ်ယူသွားမယ်လို့ သိရပါတယ်။

play
Photos: Mirror

 

နောက်ထပ် ရွေးချယ်စရာအနေနဲ့ အေစီမီလန်အသင်းရဲ့ဝါရင့်နောက်ခံကစားသမား ဘိုနူချီကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပြီး ပရီးမီးယားလိဂ်ရာသီစတင်ချိန်အထိ နောက်ခံကစားသမားတစ်ဦးကိုမှ မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် နီမန်ဂျာမာတစ်ကို ခံစစ်မှာ ဆင်းကစားခိုင်းဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းနဲ့အတူ ပုံစံကောင်းပြသနိုင်ခဲ့တဲ့ အယ်ဒါဝီလ်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေသူဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ အယ်ဒါဝီလ်တို့ဟာ အာဆင်နယ်နဲ့ဆန်းချက်ဇ်တို့ရဲ့အဖြစ်လို ဖြစ်ပျက်လာနိုင်တယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD